ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7 MSB

အိမ်​ထောင်​ရေး​ဆိုင်​ရာ​အ​ခြေ​ခံ​သ​ဘော​တ​ရား

1 သင်​တို့​ရေး​လာ​သော​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ယောက်ျား​သည် မိန်း​မ​နှင့်​အ​တွေ့​အ​ထိ​မ​ရှိ​လျှင် ကောင်း​၏။

2 သို့​သော် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​မှု​များ​ကြောင့် ယောက်ျား​အ​သီး​သီး​၌ မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​အ​သီး​သီး​၌​လည်း မိ​မိ​လင်​ယောက်ျား​ရှိ​စေ​လော့။

3 ယောက်ျား​သည် မိ​မိ​မ​ယား​အ​ပေါ်​ပြု​အပ်​သော​ဝတ်​ကို ပြု​ရ​မည်။ မိန်း​မ​သည်​လည်း မိ​မိ​လင်​ယောက်ျား​အ​ပေါ် ထို​နည်း​တူ​ပြု​ရ​မည်။

4 မ​ယား​သည် မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​က​သာ​ပိုင်​၏။ ထို့​အ​တူ လင်​ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်၊ မ​ယား​က​သာ​ပိုင်​၏။

5 သင်​တို့​သည် ဆု​တောင်း​ခြင်း​အ​တွက် အ​ပြည့်​အ​ဝ​ဆက်​ကပ်​နိုင်​မည့်​အ​ကြောင်း ခေတ္တ​ခ​ဏ​ခွဲ​ခွာ​ပြီး​နောက် ပြန်​၍​ပေါင်း​သင်း​နေ​ထိုင်​ရန် နှစ်​ဦး​သ​ဘော​တူ​ညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အ​ချင်း​ချင်း​၏​ခံ​စား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့​မ​ဟုတ်​လျှင် စာ​တန်​သည် သင်​တို့​၏ မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​မှု​အ​ပေါ် အ​ခွင့်​ကောင်း​ယူ​၍ သင်​တို့​အား ဖြား​ယောင်း​သွေး​ဆောင်​လိမ့်​မည်။

6 ထို​သို့​ဆို​သော် အ​မိန့်​ပေး​ခြင်း​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ အ​ခွင့်​ပေး​ခြင်း​အ​နေ​ဖြင့် ငါ​ဆို​၏။

7 ငါ့​အ​နေ​ဖြင့် လူ​အ​ပေါင်း​တို့​အား ငါ​ကဲ့​သို့​ဖြစ်​စေ​လို​၏။ သို့​သော် လူ​တစ်​ဦး​စီ​၌ ဘု​ရား​သ​ခင်​ထံ​မှ မိ​မိ​ရ​ရှိ​သော​ဆု​ကျေး​ဇူး တစ်​ယောက်​တစ်​မျိုး​စီ​ရှိ​၏။

8 အိမ်​ထောင်​မ​ရှိ​သော​ယောက်ျား​နှင့်​မု​ဆိုး​မ​တို့​အား ငါ​ဆို​သည်​ကား သူ​တို့​သည် ငါ​ကဲ့​သို့​ဆက်​၍​နေ​နိုင်​လျှင် သူ​တို့​အ​တွက်​ကောင်း​၏။

9 သို့​သော် မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင် အိမ်​ထောင်​ပြု​ကြ​စေ။ အ​ကြောင်း​မူ​ကား ကိ​လေ​သာ​စိတ်​ပူ​လောင်​ခြင်း​ရှိ​သည်​ထက် အိမ်​ထောင်​ပြု​သော် သာ​၍​ကောင်း​၏။

အိမ်​ထောင်​ရှိ​သော​သူ​တို့​အ​တွက် အ​ကြံ​ပြု​ချက်

10 အိမ်​ထောင်​ရှိ​သော​သူ​တို့​အား ငါ့​ထံ​မှ​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​ထံ​မှ​ညွှန်​ကြား​ချက်​ကို ငါ​ပေး​သည်​ကား မ​ယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲ​ကွာ​စေ​နှင့်။

11 အ​ကယ်​၍ ကွဲ​ကွာ​ခဲ့​လျှင် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ပါ​စေ။ သို့​မ​ဟုတ် လင်​ယောက်ျား​နှင့် ပြန်​လည်​သင့်​မြတ်​ပါ​စေ။ လင်​ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​ကို​မ​စွန့်​ခွာ​စေ​နှင့်။

12 အ​ခြား​သော​သူ​တို့​အား သ​ခင်​ဘု​ရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်​တိုင်​ပြော​ဆို​သည်​မှာ ညီ​အစ်​ကို​တစ်​စုံ​တစ်​ဦး​တွင် ယုံ​ကြည်​သူ​မ​ဟုတ်​သော​မ​ယား​ရှိ​၍ ထို​မိန်း​မ​သည် သူ​နှင့်​နေ​ထိုင်​လို​လျှင် သူ့​ကို ထို​မိန်း​မ​နှင့်​မ​ကွာ​စေ​နှင့်။

13 ထို​နည်း​တူ အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ဦး​တွင် ယုံ​ကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​ရှိ​၍ ထို​ယောက်ျား​သည် သူ​နှင့်​နေ​ထိုင်​လို​လျှင် သူ့​ကို ထို​ယောက်ျား​နှင့်​မ​ကွာ​စေ​နှင့်။

14 အ​ကြောင်း​မူ​ကား ယုံ​ကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိ​မိ​မ​ယား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ ယုံ​ကြည်​သူ​မ​ဟုတ်​သော​မ​ယား​သည်​လည်း မိ​မိ​လင်​ယောက်ျား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ သို့​မ​ဟုတ်​လျှင် သင်​တို့​၏​သား​သ​မီး​တို့​သည် ညစ်​ညူး​ကြ​လိမ့်​မည်။ သို့​သော် ယ​ခု သူ​တို့​သည် သန့်​ရှင်း​ကြ​၏။

15 သို့​ရာ​တွင် မ​ယုံ​ကြည်​သူ​ဖက်​မှ ကွဲ​ကွာ​လို​လျှင် ကွဲ​ကွာ​ပါ​စေ။ ထို​သို့​သော​အ​ခြေ​အ​နေ​မျိုး​တွင် ယုံ​ကြည်​သူ​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ အ​နှောင်​အ​ဖွဲ့​ကင်း​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​အား ငြိမ်း​ချမ်း​မှု​ရ​ရှိ​စေ​ရန် ခေါ်​ယူ​တော်​မူ​၏။

16 အ​သင်​မိန်း​မ၊ သင်​သည် မိ​မိ​လင်​ယောက်ျား​ကို ကယ်​တင်​မည်​မ​ကယ်​တင်​မည်​ကို မည်​သို့​သိ​နိုင်​မည်​နည်း။ အ​သင်​ယောက်ျား၊ သင်​သည် မိ​မိ​မ​ယား​ကို ကယ်​တင်​မည်​မ​ကယ်​တင်​မည်​ကို မည်​သို့​သိ​နိုင်​မည်​နည်း။

အ​သက်​တာ​၏​အ​ခြေ​အ​နေ​အ​မျိုး​မျိုး

17 လူ​အ​သီး​သီး​တို့​သည် မိ​မိ​အား သ​ခင်​ဘု​ရား​သတ်​မှတ်​ခွဲ​ဝေ​ပေး​တော်​မူ​သည့်​အ​တိုင်း​နှင့် တစ်​ဦး​စီ​အား ဘု​ရား​သ​ခင်​ခေါ်​ယူ​တော်​မူ​သည့်​အ​ခြေ​အ​နေ​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​ပါ​စေ။ ဤ​သည်​ကား အ​သင်း​တော်​အား​လုံး​တို့​ကို ငါ​မှာ​ကြား​သော​အ​ချက်​ဖြစ်​၏။

18 ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ခြင်း​ခံ​ပြီး​သား​ဖြစ်​သော​သူ​သည် ထို​အ​ရာ​ကို​မ​ဖျောက်​ဖျက်​စေ​နှင့်။ ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​အ​ခါ အ​ရေ​ဖျား​မ​လှီး​ထား​သော​သူ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​စေ​နှင့်။

19 အ​ရေ​ဖျား​လှီး​ခြင်း​သည် ပ​ဓာ​န​မ​ဟုတ်။ အ​ရေ​ဖျား​မ​လှီး​ခြင်း​သည်​လည်း ပ​ဓာ​န​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ခြင်း​သာ ပ​ဓာ​န​ဖြစ်​၏။

20 လူ​အ​သီး​သီး​သည် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သည့်​အ​ခြေ​အ​နေ​၌ ဆက်​၍​တည်​နေ​ပါ​စေ။

21 ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​စဉ် ကျွန်​ဖြစ်​လျှင် စိတ်​အ​နှောင့်​အ​ယှက်​မ​ဖြစ်​နှင့်။ သို့​သော် လွတ်​လပ်​သူ​ဖြစ်​နိုင်​လျှင် ထို​အ​ခွင့်​အ​ရေး​ကို​အ​သုံး​ပြု​လော့။

22 အ​ကြောင်း​မူ​ကား ကျွန်​ဖြစ်​စဉ် သ​ခင်​ဘု​ရား​၌ ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​သည် သ​ခင်​ဘု​ရား​အား​ဖြင့်​လွတ်​လပ်​ခွင့်​ရ​သူ​ဖြစ်​၏။ ထို​နည်း​တူ လွတ်​လပ်​သူ​ဖြစ်​စဉ် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​သည် ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​၏။

23 သင်​တို့​ကို အ​ဖိုး​အ​ခ​နှင့်​ဝယ်​ယူ​ထား​သည်​ဖြစ်​၍ လူ​တို့​၏​ကျွန်​မ​ဖြစ်​ကြ​နှင့်။

24 ညီ​အစ်​ကို​တို့၊ လူ​အ​သီး​သီး​သည် မိ​မိ​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သည့်​အ​ခြေ​အ​နေ​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ဆက်​၍​တည်​နေ​ပါ​စေ။

အိမ်​ထောင်​မ​ရှိ​သူ​နှင့်​မု​ဆိုး​မ​တို့​အ​တွက် အ​ကြံ​ပြု​ချက်

25 အ​ပျို​က​ညာ​တို့​နှင့်​ပတ်​သက်​၍​မူ​ကား သ​ခင်​ဘု​ရား​၏​ပ​ညတ်​ချက်​ကို ငါ​မ​ရ​ရှိ​ခဲ့​ချေ။ သို့​သော် သ​ခင်​ဘု​ရား​၏​က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​သည့် ယုံ​ကြည်​ထိုက်​သူ​တစ်​ဦး​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ပေး​ရ​မည်​ဆို​လျှင်

26 မျက်​မှောက်​ကြုံ​တွေ့​နေ​ရ​သော ခက်​ခဲ​ကျပ်​တည်း​ခြင်း​ကြောင့် ဤ​အ​တိုင်း​နေ​လျှင် ကောင်း​၏​ဟု ငါ​ယူ​ဆ​၏။ ယောက်ျား​သည်​လည်း လက်​ရှိ​အ​ခြေ​အ​နေ​အ​တိုင်း​နေ​လျှင် ကောင်း​၏။

27 သင်​သည် မ​ယား​နှင့်​အ​နှောင်​အ​ဖွဲ့​ရှိ​လျှင် ကွာ​ရှင်း​ရန်​မ​ကြံ​စည်​နှင့်။ မ​ယား​နှင့်​အ​နှောင်​အ​ဖွဲ့​မ​ရှိ​လျှင် မ​ယား​ကို​မ​ရှာ​နှင့်။

28 သို့​သော် အိမ်​ထောင်​ပြု​လျှင်​လည်း သင်​သည်​အ​ပြစ်​ပြု​သည်​မ​ဟုတ်။ အ​ပျို​က​ညာ​တစ်​ဦး​သည် အိမ်​ထောင်​ပြု​လျှင်​လည်း အ​ပြစ်​ပြု​သည်​မ​ဟုတ်။ သို့​သော် ထို​သူ​တို့​သည် ကိုယ်​ကာ​ယ​၌ ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်း​ဝေး​စေ​လို​၍​သာ​ဖြစ်​၏။

29 ညီ​အစ်​ကို​တို့၊ ဤ​သို့​ငါ​ဆို​၏။ အ​ချိန်​အ​ခါ​ကုန်​လု​နီး​ပြီ​ဖြစ်​သော​ကြောင့် ယ​ခု​မှ​စ​၍ မ​ယား​ရှိ​သော​သူ​တို့​သည် မ​ယား​မ​ရှိ​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊

30 ငို​ကြွေး​သော​သူ​တို့​သည် မ​ငို​ကြွေး​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​သူ​တို့​သည် ဝမ်း​မြောက်​ခြင်း​မ​ရှိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝယ်​ယူ​သော​သူ​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​ပိုင်​ဆိုင်​သ​ကဲ့​သို့​လည်း​ကောင်း နေ​ကြ​ပါ​စေ။

31 လော​က​အ​ရာ​ကို​သုံး​စွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အ​ပြည့်​အ​ဝ​မ​သုံး​စွဲ​သ​ကဲ့​သို့ နေ​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား ဤ​လော​က​၏​ပုံ​စံ​အ​ဖြစ်​သ​နစ်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​မည်။

32 ငါ​သည် သင်​တို့​ကို စိုး​ရိမ်​ခြင်း​နှင့်​ကင်း​လွတ်​စေ​လို​၏။ အိမ်​ထောင်​မ​ရှိ​သော​ယောက်ျား​သည် သ​ခင်​ဘု​ရား​ကို​နှစ်​သက်​စေ​ရန် သ​ခင်​ဘု​ရား​၏​အ​မှု​ကို​ဂ​ရု​စိုက်​တတ်​၏။

33 အိမ်​ထောင်​ရှိ​သော​ယောက်ျား​မူ​ကား မိ​မိ​မ​ယား​ကို မည်​ကဲ့​သို့​နှစ်​သက်​စေ​ရ​မည်​ဟူ​သော လော​ကီ​အ​မှု​တို့​ကို​ဂ​ရု​စိုက်​သ​ဖြင့်

34 သူ​၏​စိတ်​အာ​ရုံ​သည် ထွေ​ပြား​တတ်​၏။ အိမ်​ထောင်​မ​ရှိ​သော​အ​မျိုး​သ​မီး​နှင့်​အ​ပျို​က​ညာ​တို့​သည် ကိုယ်​ခန္ဓာ​နှင့်​စိတ်​ဝိ​ညာဉ်​နှစ်​ဖြာ​စ​လုံး​သန့်​ရှင်း​စေ​ရန် သ​ခင်​ဘု​ရား​၏​အ​မှု​တို့​ကို​ဂ​ရု​စိုက်​တတ်​၏။ အိမ်​ထောင်​ရှိ​သော​အ​မျိုး​သ​မီး​မူ​ကား မိ​မိ​လင်​ယောက်ျား​ကို မည်​ကဲ့​သို့​နှစ်​သက်​စေ​ရ​မည်​ဟူ​သော လော​ကီ​အ​မှု​တို့​ကို​ဂ​ရု​စိုက်​တတ်​၏။

35 ဤ​သို့ ငါ​ဆို​သည်​မှာ သင်​တို့​၏​အ​ကျိုး​အ​တွက်​ဖြစ်​၍ သင်​တို့​ကို​ချုပ်​ချယ်​ရန်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်​၍ အာ​ရုံ​ထွေ​ပြား​ခြင်း​မ​ရှိ​ဘဲ သ​ခင်​ဘု​ရား​၏​အ​မှု​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရွက်​နိုင်​ရန်​အ​တွက်​သာ​ဖြစ်​၏။

36 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​နှင့်​ဆိုင်​သော​အ​ပျို​က​ညာ​ကို အ​ခါ​လင့်​စေ​လျှင် မ​လျောက်​ပတ်​ဟု​ထင်​မှတ်​၍ ထို​သို့​ပြု​စ​ရာ​လည်း​ရှိ​လျှင် သူ​၏​ဆန္ဒ​အ​တိုင်း​ပြု​ပါ​စေ။ သူ​သည် အ​ပြစ်​ပြု​သည်​မ​ဟုတ်။ သူ​တို့​အိမ်​ထောင်​ပြု​ပါ​စေ။

37 သို့​သော် သူ​သည် မိ​မိ​စိတ်​နှ​လုံး​ထဲ​၌ အ​ခိုင်​အ​မာ​စိတ်​ပိုင်း​ဖြတ်​ထား​၍ မ​လွှဲ​မ​ရှောင်​သာ​၍​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိ​မိ​အ​လို​ဆန္ဒ​ကို​ထိန်း​ချုပ်​နိုင်​ပြီး မိ​မိ​နှင့်​ဆိုင်​သော​အ​ပျို​က​ညာ​ကို​ထိန်း​သိမ်း​ထား​ရန် မိ​မိ​စိတ်​ထဲ​၌ ဆုံး​ဖြတ်​ထား​ပါ​က သူ​သည် ကောင်း​စွာ​ပြု​၏။

38 ထို့​ကြောင့် မိ​မိ​နှင့်​ဆိုင်​သော​အ​ပျို​က​ညာ​ကို ပေး​စား​ဆောင်​နှင်း​သော​သူ​သည် ကောင်း​စွာ​ပြု​၏။ ပေး​စား​ဆောင်​နှင်း​ခြင်း​မ​ပြု​သော​သူ​မူ​ကား သာ​၍​ကောင်း​စွာ​ပြု​၏။

39 မ​ယား​သည် မိ​မိ​လင်​ယောက်ျား​အ​သက်​ရှင်​နေ​သ​ရွေ့​ကာ​လ​ပတ်​လုံး အ​နှောင်​အ​ဖွဲ့​ရှိ​၏။ လင်​ယောက်ျား​သေ​ဆုံး​ခဲ့​လျှင်​မူ​ကား မိ​မိ​နှစ်​သက်​သော​သူ​နှင့် သ​ခင်​ဘု​ရား​၌​သာ အိမ်​ထောင်​ပြု​ခွင့်​ရှိ​၏။

40 သို့​သော် ငါ​၏​ထင်​မြင်​ချက်​အ​ရ သူ​သည် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​လျှင် သာ​၍​မင်္ဂ​လာ​ရှိ​၏။ ငါ​၌​လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှိ​သည်​ဟု ငါ​မှတ်​ယူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16