ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15 MSB

ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အ​ဓိ​က​ကျ​သော​အ​ရာ

1 ညီ​အစ်​ကို​တို့၊ သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​၍ သင်​တို့​လက်​ခံ​ခဲ့​သည်​သာ​မ​က ၎င်း​အ​ပေါ်​၌ သင်​တို့​ရပ်​တည်​ခဲ့​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား တစ်​ဖန် ငါ​သိ​စေ​အပ်​ပါ​၏။

2 သင်​တို့​သည် ထို​သ​တင်း​ကို အ​ကြောင်း​မဲ့​မ​ယုံ​ကြည်​ဘဲ သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​သော​တ​ရား​စ​ကား​ကို စွဲ​ကိုင်​ထား​လျှင် ၎င်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​လည်း​ခံ​ရ​ကြ​၏။

3 အ​ကြောင်း​မူ​ကား ငါ​ကိုယ်​တိုင်​ခံ​ယူ​ရ​ရှိ​သည့် အ​ဓိ​က​အ​ကျ​ဆုံး​သော​အ​ရာ​ကို သင်​တို့​အား ငါ​ပေး​အပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်း​စာ​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် အ​သေ​ခံ​တော်​မူ​ခဲ့​ကြောင်း၊

4 ထို့​နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်​မူ​ပြီး ကျမ်း​စာ​နှင့်​အ​ညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​တော်​မူ​ခဲ့​ကြောင်း​နှင့်

5 ကေ​ဖ​ထံ ထင်​ရှား​ပြ​တော်​မူ​ပြီး​နောက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထံ ထင်​ရှား​ပြ​တော်​မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။

6 ထို့​နောက် ကိုယ်​တော်​သည် ညီ​အစ်​ကို​ငါး​ရာ​ကျော်​တို့​ထံ တစ်​ပြိုင်​တည်း​မှာ​ပင် ထင်​ရှား​ပြ​တော်​မူ​၏။ ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အိပ်​ပျော်​ကြ​ပြီ​ဖြစ်​သော်​လည်း အ​များ​စု​တို့​သည် ယ​ခု​တိုင်​အောင် အ​သက်​ရှင်​လျက်​ရှိ​သေး​၏။

7 ထို့​နောက် ကိုယ်​တော်​သည် ယာ​ကုပ်​ထံ ထင်​ရှား​ပြ​တော်​မူ​ပြီး တ​မန်​တော်​အား​လုံး​တို့​ထံ ထင်​ရှား​ပြ​တော်​မူ​၏။

8 နောက်​ဆုံး​တွင် အ​ချိန်​မ​တော်​မ​တန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်​ရှား​ပြ​တော်​မူ​၏။

9 အ​မှန်​စင်​စစ် ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို ညှဉ်း​ဆဲ​ခဲ့​သော​ကြောင့် တ​မန်​တော်​များ​ထဲ​တွင် အ​သေး​သိမ်​ဆုံး​သော​သူ​ဖြစ်​ပြီး တ​မန်​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။

10 သို့​ရာ​တွင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ယ​ခု ငါ​ဖြစ်​သည့်​အ​တိုင်း ငါ​ဖြစ်​၏။ ငါ့​အ​ပေါ်​သက်​ရောက်​သော ကိုယ်​တော်​၏​ကျေး​ဇူး​တော်​သည်​လည်း အ​ချည်း​နှီး​မ​ဖြစ်​သည်​သာ​မ​က ငါ​သည် သူ​တို့​အား​လုံး​ထက် သာ​၍​ကြိုး​စား​လုပ်​ဆောင်​ခဲ့​၏။ ထို​သို့​ဆို​သော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​က​သာ လုပ်​ဆောင်​တော်​မူ​ခြင်း​ဖြစ်​၏။

11 ထို့​ကြောင့် ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ ထို​သို့​ဟော​ပြော​ကြ​၏။ သင်​တို့​သည်​လည်း ထို​သို့​ယုံ​ကြည်​ကြ​၏။

ယုံ​ကြည်​ခြင်း​အ​တွက် အ​ဓိ​က​ကျ​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း

12 ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု ဟော​ပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲ​မှ အ​ချို့​တို့​က သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု အ​ဘယ်​ကြောင့်​ပြော​ဆို​ကြ​သ​နည်း။

13 သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

14 ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​၏​ဟော​ပြော​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်​၏။

15 ထို​မျှ​မ​က ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ မ​မှန်​သော​သက်​သေ​ထွက်​ဆို​သော​သူ​များ ဖြစ်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မ​မူ​လျှင် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မ​မူ​သော​ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သက်​သေ​ခံ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

16 အ​ကြောင်း​မူ​ကား သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

17 ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​၍ သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​ထဲ​၌​ရှိ​နေ​ကြ​သေး​၏။

18 သို့​ဖြစ်​လျှင် ခ​ရစ်​တော်​၌ အိပ်​ပျော်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ကြ​လေ​ပြီ။

19 ငါ​တို့​သည် ခ​ရစ်​တော်​၌ ယ​ခု​ဘ​ဝ​အ​တွက်​သာ မျှော်​လင့်​စ​ရာ​ရှိ​ခဲ့​လျှင် လူ​အ​ပေါင်း​တို့​ထက် ပို​၍​သ​နား​စ​ရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်​မည်။

20 ယ​ခု​မူ​ကား ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​၍ အိပ်​ပျော်​သော​သူ​တို့​တွင် အ​သီး​ဦး​ဖြစ်​တော်​မူ​ပြီ။

21 အ​ဘယ်​ကြောင့်​ဆို​သော် သေ​ခြင်း​သည် လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​သ​ကဲ့​သို့ သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​၏။

22 အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ဆုံး​ရ​ကြ​သည့်​နည်း​တူ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

23 သို့​သော် တစ်​ဦး​စီ​၌ မိ​မိ​အ​လှည့်​ရှိ​၍ ခ​ရစ်​တော်​သည် အ​သီး​ဦး​ဖြစ်​တော်​မူ​၏။ ထို့​နောက် ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​တို့​သည် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ ထ​မြောက်​ကြ​လိမ့်​မည်။

24 ထို့​နောက် အ​ဆုံး​သည်​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည် အုပ်​ချုပ်​မှု​ရှိ​သ​မျှ၊ တန်​ခိုး​နှင့်​အာ​ဏာ​စက်​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​၍ နိုင်​ငံ​တော်​ကို ခ​မည်း​တော်​ဘု​ရား​သ​ခင်​ထံ​သို့ အပ်​နှံ​တော်​မူ​လိမ့်​မည်။

25 အ​ကြောင်း​မူ​ကား ရန်​သူ​အ​ပေါင်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​သည်​အ​ထိ ကိုယ်​တော်​သည်​အုပ်​စိုး​ရ​မည်​ဖြစ်​၏။

26 ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့် နောက်​ဆုံး​ရန်​သူ​မှာ သေ​ခြင်း​ဖြစ်​၏။

27 အ​ကြောင်း​မူ​ကား “ဘု​ရား​သ​ခင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​၍ နာ​ခံ​စေ​တော်​မူ​၏။” အ​ရာ​ခပ်​သိမ်း​တို့​ကို နာ​ခံ​စေ​တော်​မူ​၏​ဟု ဆို​ရာ​တွင် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​သည် ထို​အ​ရာ​များ​ထဲ​၌​မ​ပါ​ကြောင်း ထင်​ရှား​၏။

28 အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ခါ သား​တော်​ကိုယ်​တိုင်​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အား​နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​ကို နာ​ခံ​တော်​မူ​လိမ့်​မည်။ ဤ​သည်​ကား ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ​တို့​၌ အ​လုံး​စုံ​ဖြစ်​တော်​မူ​မည့်​အ​ကြောင်း​တည်း။

29 သို့​ဖြစ်​လျှင် သေ​လွန်​သော​သူ​တို့​၏​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ထို​သို့​ပြု​ရ​ကြ​သ​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​လျှင်း​မ​ရှိ​လျှင် အ​ဘယ်​ကြောင့် သူ​တို့​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​စ​ရာ​ရှိ​သ​နည်း။

30 ငါ​တို့​သည်​လည်း အ​ဘယ်​ကြောင့် အန္တ​ရာယ်​နှင့် အ​စဉ်​အ​မြဲ​ရင်​ဆိုင်​နေ​ရ​သ​နည်း။

31 ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​ကြောင့် ငါ​ရ​ရှိ​သော​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ကို​တိုင်​တည်​၍ “ငါ​သည် နေ့​တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။

32 ငါ​သည် လူ့​သ​ဘော​ဖြင့် ဧ​ဖက်​မြို့​၌ သား​ရဲ​တို့​နှင့်​တိုက်​ခိုက်​ခဲ့​သည်​ဆို​လျှင် ငါ့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မ​နက်​ဖြန်​သေ​ရ​ကြ​မည်​ဖြစ်​၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်​စို့။

33 အ​ယူ​မ​လွဲ​ကြ​နှင့်။ မ​ကောင်း​သော​အ​ပေါင်း​အ​ဖော်​တို့​သည် ကောင်း​သော​အ​ကျင့်​စာ​ရိတ္တ​ကို ပျက်​စီး​စေ​ကြ​၏။

34 အ​မြင်​မှန်​ရ​ကြ​လော့။ အ​ပြစ်​ကို​မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။ သင်​တို့​ကို​အ​ရှက်​ရ​စေ​ရန် ဤ​သို့​ငါ​ပြော​၏။

ရှင်​ပြန်​ထ​မြောက်​သော ကိုယ်​ခန္ဓာ​၏​သ​ဘော​သ​ဘာ​၀

35 သို့​သော် လူ​အ​ချို့​တို့​က “သေ​လွန်​သော​သူ​တို့​သည် မည်​သို့​ထ​မြောက်​ကြ​မည်​နည်း။ မည်​သို့​သော​ကိုယ်​ခန္ဓာ​ဖြင့် ပေါ်​လာ​ကြ​မည်​နည်း”​ဟု မေး​မြန်း​ကြ​လိမ့်​မည်။

36 အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သော​အ​ရာ​သည် မ​ပျက်​လျှင် ရှင်​သန်​လာ​မည်​မ​ဟုတ်။

37 သင်​စိုက်​ပျိုး​သော​အ​ရာ​သည်​လည်း နောက်​ဖြစ်​လာ​မည့်​ကိုယ်​ထည်​ကို စိုက်​ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ သို့​မ​ဟုတ် အ​ခြား​သီး​နှံ​၏​အ​စေ့​သက်​သက်​ကို​သာ စိုက်​ပျိုး​၏။

38 သို့​သော် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အ​စေ့​အား ကိုယ်​ထည်​ကို​ပေး​တော်​မူ​၍ အ​စေ့​တစ်​စေ့​စီ​အား မိ​မိ​အ​မျိုး​အ​စား​အ​လိုက် ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။

39 အ​သား​အား​လုံး​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​တို့​၏​အ​သား​သည် တစ်​မျိုး၊ တိ​ရစ္ဆာန်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ကျေး​ငှက်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

40 ကောင်း​ကင်​ကိုယ်​ခန္ဓာ​များ​ရှိ​၍ မြေ​ကြီး​ကိုယ်​ခန္ဓာ​များ​လည်း​ရှိ​၏။ သို့​သော် ကောင်း​ကင်​ကိုယ်​ခန္ဓာ​၏​ဘုန်း​အ​သ​ရေ​သည် တစ်​မျိုး​ဖြစ်​၍ မြေ​ကြီး​ကိုယ်​ခန္ဓာ​၏​ဘုန်း​အ​သ​ရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

41 နေ​၏​ဘုန်း​အ​သ​ရေ​သည် တစ်​မျိုး၊ လ​၏​ဘုန်း​အ​သ​ရေ​သည်​လည်း တစ်​မျိုး၊ ကြယ်​များ​၏​ဘုန်း​အ​သ​ရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​ချင်း​၏​ဘုန်း​အ​သ​ရေ​သည်​လည်း ခြား​နား​ကြ​၏။

42 သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း ထို​နည်း​တူ​ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။

43 အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။ အား​နည်း​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ခွန်​အား​နှင့်​ပြည့်​စုံ​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။

44 ဇာ​တိ​ကိုယ်​ခန္ဓာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဝိ​ညာဉ်​ကိုယ်​ခန္ဓာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။ ဇာ​တိ​ကိုယ်​ခန္ဓာ​ရှိ​လျှင် ဝိ​ညာဉ်​ကိုယ်​ခန္ဓာ​လည်း​ရှိ​၏။

45 ထို့​ကြောင့် ကျမ်း​စာ​၌ “ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သူ​ဖြစ်​လာ​၏”​ဟု ရေး​ထား​၏။ နောက်​ဆုံး​အာ​ဒံ​သည် အ​သက်​ကို​ရ​ရှိ​စေ​သော​ဝိ​ညာဉ်​ဖြစ်​၏။

46 သို့​သော် ဝိ​ညာဉ်​နှင့်​ဆိုင်​သော​အ​ရာ​သည် ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာ​တိ​နှင့်​ဆိုင်​သော​အ​ရာ​ဖြစ်​ပြီး​မှ ဝိ​ညာဉ်​နှင့်​ဆိုင်​သော​အ​ရာ​သည် ဖြစ်​ပေါ်​လာ​၏။

47 ပ​ထ​မ​လူ​သည် မြေ​ကြီး​မှ​ဖြစ်​၍ မြေ​မှုန့်​နှင့်​ဆိုင်​၏။ ဒု​တိ​ယ​လူ​သည် ကောင်း​ကင်​မှ​ဖြစ်​၏။

48 မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​သည် မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​ကဲ့​သို့​ဖြစ်​၏။ ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​မူ​ကား ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​ကဲ့​သို့​ဖြစ်​၏။

49 ငါ​တို့​သည် မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့ ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်​မည်။

အောင်​ပွဲ​ခံ​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း

50 ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​၍​မ​ရ​နိုင်။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည်​လည်း ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို အ​မွေ​ဆက်​ခံ​၍​မ​ရ​နိုင်။

51 နား​ထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အား​လုံး​သည် အိပ်​ပျော်​ကြ​ရ​မည်​မ​ဟုတ်။

52 သို့​သော် နောက်​ဆုံး​သော​တံ​ပိုး​ခ​ရာ​မှုတ်​ချိန်​၌ မျက်​စိ​တစ်​မှိတ်​အ​တွင်း တစ်​ခ​ဏ​ချင်း​တွင် ငါ​တို့​အား​လုံး​သည် ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား တံ​ပိုး​ခ​ရာ​မှုတ်​သော​အ​ခါ သေ​လွန်​သော​သူ​တို့​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လည်း ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။

53 အ​ဘယ်​ကြောင့်​ဆို​သော် ဤ​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၍ ဤ​သေ​တတ်​သော​အ​ရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၏။

54 ဤ​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို​ဝတ်​ဆင်​၍ ဤ​သေ​တတ်​သော​အ​ရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​သော​အ​ခါ “သေ​ခြင်း​သည် အောင်​မြင်​ခြင်း​၌ နစ်​မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စ​ကား​ပြည့်​စုံ​လိမ့်​မည်။

55 “အို သေ​ခြင်း၊ သင်​၏​အောင်​မြင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အို သေ​ခြင်း၊ သင်​၏​အ​ဆိပ်​ဆူး​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။”

56 သေ​ခြင်း​၏​အ​ဆိပ်​ဆူး​သည် အ​ပြစ်​ဖြစ်​၍ အ​ပြစ်​၏​တန်​ခိုး​သည် ပ​ညတ်​တ​ရား​ဖြစ်​၏။

57 သို့​သော် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား အောင်​မြင်​ခြင်း​ကို​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။

58 ထို့​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၌ သင်​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​သည် အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​၍ ခိုင်​မြဲ​စွာ​ရပ်​တည်​လျက် ဖောက်​ပြန်​ရွေ့​လျော​ခြင်း​မ​ရှိ​ဘဲ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​စဉ်​အ​မြဲ စွမ်း​စွမ်း​တ​မံ​ဆောင်​ရွက်​ကြ​လော့။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16