ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 16 MSB

ဂျေ​ရု​ဆ​လင်​အ​သင်း​တော်​အ​တွက် အ​လှူ​ကောက်​ခံ​ခြင်း

1 သန့်​ရှင်း​သူ​တို့​အ​တွက် အ​လှူ​ကောက်​ခံ​ခြင်း​နှင့်​ပတ်​သက်​၍ ဂ​လာ​တိ​ပြည်​ရှိ အ​သင်း​တော်​များ​ကို ငါ​မှာ​ထား​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ထို​နည်း​တူ​ပြု​ကြ​လော့။

2 ငါ​လာ​သော​အ​ခါ​မှ အ​လှူ​ကောက်​ခံ​ခြင်း​မ​ရှိ​စေ​ရန် ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့​တိုင်း​တွင် သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​တို့​ကြီး​ပွား​သည့်​အ​တိုင်း တစ်​စုံ​တစ်​ခု​ကို​ဖယ်​ထား​၍ စု​ဆောင်း​ထား​ကြ​လော့။

3 ငါ​ရောက်​လာ​သော​အ​ခါ သင်​တို့​၏​လက်​ဆောင်​ကို ဂျေ​ရု​ဆ​လင်​မြို့​သို့​ယူ​ဆောင်​သွား​ရန် သင်​တို့​အ​သိ​အ​မှတ်​ပြု​သော​သူ​ကို စာ​နှင့်​တ​ကွ ငါ​စေ​လွှတ်​မည်။

4 ငါ​ကိုယ်​တိုင်​လည်း သွား​သင့်​သည်​ဆို​လျှင် သူ​တို့​သည် ငါ​နှင့်​အ​တူ​လိုက်​ရ​ကြ​မည်။

ပေါ​လု​၏​ခ​ရီး​စဉ်

5 ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​ကို​ဖြတ်​လာ​မည်​ဖြစ်​၍ မာ​ကေ​ဒေါ​နိ​ပြည်​ကို လှည့်​လည်​ပြီး​မှ သင်​တို့​ထံ​သို့​လာ​မည်။

6 ငါ​သည် သင်​တို့​နှင့်​အ​တူ ဆောင်း​ကာ​လ​အ​တွင်း နေ​ကောင်း​နေ​ဖြစ်​လိမ့်​မည်။ သို့​ပြု​လျှင် မည်​သည့်​နေ​ရာ​သို့ ငါ​သွား​သည်​ဖြစ်​စေ သင်​တို့​သည် ငါ့​ကို​ပို့​ဆောင်​ပေး​နိုင်​ကြ​လိမ့်​မည်။

7 ငါ​သည် ယ​ခု သင်​တို့​ကို ခ​ရီး​ကြုံ​၍ ဝင်​တွေ့​ရုံ​မျှ​သာ​မ​ပြု​လို​ပေ။ အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​လျှင် သင်​တို့​နှင့်​အ​တူ ကာ​လ​အ​တန်​ကြာ​နေ​ရန် ငါ​မျှော်​လင့်​ထား​၏။

8 သို့​သော် ပင်​တေ​ကုတ္တေ​ပွဲ​နေ့​တိုင်​အောင် ဧ​ဖက်​မြို့​၌ ငါ​နေ​ဦး​မည်။

9 အ​ကြောင်း​မူ​ကား ထိ​ရောက်​မှု​ရှိ​သော​အ​မှု​တော်​လုပ်​ငန်း​အ​တွက် ကြီး​မား​သော​တံ​ခါး​သည် ငါ့​အ​တွက်​ပွင့်​လျက်​ရှိ​၍ ဆန့်​ကျင်​သော​သူ​လည်း များ​စွာ​ရှိ​ကြ​၏။

10 တိ​မော​သေ​ရောက်​လာ​လျှင် သူ​သည် စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​နိုင်​ရန် ဂ​ရု​စိုက်​ကြ​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ငါ​ကဲ့​သို့​ပင် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နေ​၏။

11 ထို့​ကြောင့် မည်​သူ​မျှ သူ့​ကို​မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ ငါ​သည် ညီ​အစ်​ကို​များ​နှင့်​အ​တူ သူ​ရောက်​လာ​မည်​ကို စောင့်​နေ​သည်​ဖြစ်​၍ သူ​သည် ငါ့​ထံ​သို့​ပြန်​လာ​နိုင်​ရန် သူ့​ကို ငြိမ်း​ချမ်း​စွာ​ပို့​ဆောင်​ကြ​လော့။

12 ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍ သူ​သည် ညီ​အစ်​ကို​များ​နှင့်​အ​တူ သင်​တို့​ထံ​သို့​လာ​ရန် သူ့​ကို လေး​လေး​နက်​နက် ငါ​တိုက်​တွန်း​ခဲ့​သော်​လည်း သူ​သည် ယ​ခု​လာ​ရန် ဆန္ဒ​အ​လျဉ်း​မ​ရှိ။ သို့​သော် အ​ခွင့်​သာ​သော​အ​ခါ သူ​လာ​လိမ့်​မည်။

နောက်​ဆုံး​အား​ပေး​တိုက်​တွန်း​ချက်

13 သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌ ခိုင်​မြဲ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ကြံ့​ခိုင်​သန်​စွမ်း​ကြ​လော့။

14 သင်​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ချစ်​ခြင်း​မေတ္တာ​ဖြင့် ပြု​ကြ​လော့။

15 ညီ​အစ်​ကို​တို့၊ သ​တေ​ဖ​နာ​၏​အိမ်​သူ​အိမ်​သား​တို့​သည် အ​ခါ​ယ​ပြည်​၏​အ​သီး​ဦး​ဖြစ်​ကြ​ပြီး သန့်​ရှင်း​သူ​တို့​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။

16 ထို​သို့​သော​သူ​တို့​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင်​လျက် ကြိုး​စား​အား​ထုတ်​နေ​သော​သူ​အား​လုံး​တို့​ကို​နာ​ခံ​ကြ​ရန် သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​၏။

17 သ​တေ​ဖ​နာ၊ ဖော်​တု​နတ်​နှင့် အ​ခါ​ယ​ကု​တို့​သည် ရောက်​လာ​ကြ​သော​ကြောင့် ငါ​ဝမ်း​မြောက်​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သင်​တို့​၏​လစ်​ဟင်း​မှု​ကို ဖြည့်​ဆည်း​ပေး​၍

18 ငါ​၏​စိတ်​ဝိ​ညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​တို့​အား ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ပေး​ကြ​၏။ သို့​ဖြစ်​၍ ထို​သို့​သော​သူ​တို့​ကို အ​သိ​အ​မှတ်​ပြု​ကြ​လော့။

နိ​ဂုံး

19 အာ​ရှ​ပြည်​ရှိ​အ​သင်း​တော်​များ​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ​နှင့်​ပြစ်​ကိ​လ​တို့​မှ​စ​၍ သူ​တို့​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​သည် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို​လှိုက်​လှဲ​စွာ​နှုတ်​ဆက်​ကြ​၏။

20 ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။

21 ဤ​နှုတ်​ဆက်​စ​ကား​ကို ငါ​ပေါ​လု​ကိုယ်​တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။

22 မည်​သူ​မ​ဆို သ​ခင်​ဘု​ရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။ သ​ခင်​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။

23 သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

24 ငါ​၏​ချစ်​ခြင်း​မေတ္တာ​သည် ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16