ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 8 MSB

ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ

1 ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ငါ​တို့​အား​လုံး​၌ အ​သိ​ပ​ညာ​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ သို့​သော် အ​သိ​ပ​ညာ​သည် ထောင်​လွှား​စေ​တတ်​၏။ ချစ်​ခြင်း​မေတ္တာ​မူ​ကား တည်​ဆောက်​မြှင့်​တင်​ပေး​တတ်​၏။

2 မည်​သူ​မ​ဆို တစ်​စုံ​တစ်​ရာ​ကို​သိ​ပြီ​ဟု​ထင်​မှတ်​လျှင် ထို​သူ​သည် သိ​သင့်​သည့်​အ​တိုင်း​ပင် မ​သိ​သေး။

3 သို့​သော် မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​ကို​ချစ်​လျှင် ဘု​ရား​သ​ခင်​သည် ထို​သူ​ကို​သိ​တော်​မူ​၏။

4 ထို့​ကြောင့် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်​သက်​၍ ရုပ်​တု​သည် ဤ​လော​က​၌ ဘာ​မျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သည့်​ဘု​ရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။

5 အ​ကြောင်း​မူ​ကား များ​စွာ​သော​ဘု​ရား၊ များ​စွာ​သော​သ​ခင်​ရှိ​သည်​ဟု ဆို​ကြ​သည့်​အ​တိုင်း ကောင်း​ကင်​၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ ဘု​ရား​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သော​အ​ရာ​များ ရှိ​ခဲ့​လျှင်​ပင်

6 ငါ​တို့​အ​တွက်​မူ​ကား ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​ရှိ​၍ အ​ရာ​ခပ်​သိမ်း​တို့​သည် ကိုယ်​တော်​ထံ​မှ​ဖြစ်​လာ​ပြီး ငါ​တို့​သည် ကိုယ်​တော်​၌​တည်​ကြ​၏။ ထို့​ပြင် ငါ​တို့​အ​တွက် ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော သ​ခင်​တစ်​ပါး​တည်း​သာ​ရှိ​၍ အ​ရာ​ခပ်​သိမ်း​တို့​သည် ထို​သ​ခင်​အား​ဖြင့်​ဖြစ်​လာ​ပြီး ငါ​တို့​သည် ထို​သ​ခင်​၌​တည်​ကြ​၏။

7 သို့​သော် လူ​တိုင်း​၌ ဤ​အ​သိ​ပ​ညာ​ရှိ​သည်​မ​ဟုတ်။ လူ​အ​ချို့​တို့​သည် ရုပ်​တု​ကိုး​ကွယ်​သည့်​အ​လေ့​အ​ထ​ရှိ​ခဲ့​သည်​ဖြစ်​၍ ထို​အ​သား​ကို​စား​သော​အ​ခါ ယ​ခု​အ​ထိ​ပင် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​အ​ဖြစ်​စား​ကြ​သ​ဖြင့် သူ​တို့​၏​အား​နည်း​သည့်​အ​သိ​စိတ်​သည် မ​သိုး​မ​သန့်​ဖြစ်​ရ​၏။

8 အ​စား​အ​စာ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​ကို မျက်​နှာ​ရ​စေ​လိမ့်​မည်​မ​ဟုတ်။ မ​စား​ဘဲ​နေ​လျှင်​လည်း အ​ရှုံး​မ​ရှိ။ စား​လျှင်​လည်း အ​မြတ်​မ​ရ။

9 သို့​သော် သင်​တို့​၏​လွတ်​လပ်​ခွင့်​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အား​နည်း​သော​သူ​တို့​အ​တွက် ခ​လုတ်​တံ​သင်း​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။

10 အ​ကြောင်း​မူ​ကား အ​သိ​ပ​ညာ​ရှိ​သော​သင်​သည် ရုပ်​တု​ဗိ​မာန်​ထဲ​၌ ထိုင်​၍​စား​သောက်​နေ​သည်​ကို တစ်​စုံ​တစ်​ဦး​က​တွေ့​မြင်​လျှင် ထို​သူ​၏​အား​နည်း​သည့်​အ​သိ​စိတ်​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​ကို​စား​ရန် ရဲ​တင်း​လာ​မည်​မ​ဟုတ်​လော။

11 ထို​အ​ခါ ခ​ရစ်​တော်​က ကိုယ်​စား​အ​သေ​ခံ​ပေး​သော ညီ​အစ်​ကို​ဖြစ်​သည့် ထို​အား​နည်း​သော​သူ​သည် သင်​၏​အ​သိ​ပ​ညာ​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ရ​၏။

12 ဤ​သို့​ဖြင့် သင်​တို့​သည် ညီ​အစ်​ကို​တို့​ကို​ပြစ်​မှား​၍ သူ​တို့​၏​အား​နည်း​သည့်​အ​သိ​စိတ်​ကို ထိ​ခိုက်​စေ​လျှင် ခ​ရစ်​တော်​ကို​ပြစ်​မှား​ရာ​ရောက်​၏။

13 ထို့​ကြောင့် အ​စား​အ​စာ​သည် ငါ​၏​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင် ငါ့​ညီ​အစ်​ကို​အား မ​မှား​ယွင်း​စေ​ရန် ငါ​သည် အ​သား​ကို ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ စား​မည်​မ​ဟုတ်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16