ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10 MSB

အစ္စ​ရေး​လူ​မျိုး​တို့​၏​ရှေး​ကာ​လ​ဖြစ်​စဉ်​မှ သင်​ခန်း​စာ​များ

1 ညီ​အစ်​ကို​တို့၊ အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​၏​ဘိုး​ဘေး​များ​အား​လုံး​သည် မိုး​တိမ်​အောက်​၌​ရှိ​ခဲ့​၍ အား​လုံး​သည် ပင်​လယ်​ကို ဖြတ်​ကျော်​ခဲ့​ကြ​ပြီး

2 အား​လုံး​သည် မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​တွင် မော​ရှေ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြ​၏။

3 သူ​တို့​အား​လုံး​သည် တစ်​မျိုး​တည်း​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​အ​စာ​ကို စား​ခဲ့​၍

4 အား​လုံး​သည် တစ်​မျိုး​တည်း​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ရေ​ကို သောက်​ခဲ့​ကြ​၏။ တစ်​နည်း​ဆို​သော် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ​လာ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ကျောက်​မှ ရေ​ကို​သောက်​ကြ​၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။

5 သို့​သော် ဘု​ရား​သ​ခင်​သည် သူ​တို့​ထဲ​မှ အ​များ​စု​ကို နှစ်​သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့​ကြောင့် သူ​တို့​သည် တော​ကန္တာ​ရ​၌ သေ​ကျေ​ပျက်​စီး​ခဲ့​ရ​ကြ​၏။

6 ဤ​အ​ရာ​များ​ကား ထို​သူ​တို့​တပ်​မက်​ခဲ့​ကြ​သ​ကဲ့​သို့ မ​ကောင်း​သော​အ​ရာ​များ​ကို ငါ​တို့​တပ်​မက်​ခြင်း​မ​ရှိ​ကြ​စေ​ရန် ငါ​တို့​အ​တွက်​န​မူ​နာ​များ​အ​ဖြစ် ဖြစ်​ပျက်​ခဲ့​ကြ​၏။

7 “လူ​တို့​သည် ထိုင်​၍​စား​သောက်​ကြ​၏။ နောက်​တစ်​ဖန် ထ​၍​က​ခုန်​မြူး​ထူး​ကြ​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း သင်​တို့​သည် ထို​သူ​အ​ချို့​တို့​ကဲ့​သို့ ရုပ်​တု​ကိုး​ကွယ်​သူ​များ မ​ဖြစ်​ကြ​လေ​နှင့်။

8 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သ​ကဲ့​သို့ ငါ​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ နေ​ကြ​ကုန်​စို့။ သူ​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သ​ဖြင့် တစ်​ရက်​အ​တွင်း လူ​နှစ်​သောင်း​သုံး​ထောင်​သေ​ဆုံး​ခဲ့​ကြ​၏။

9 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အ​ကဲ​စမ်း​သ​ကဲ့​သို့ ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​ကဲ​မ​စမ်း​ဘဲ နေ​ကြ​ကုန်​စို့။ ထို​သို့​အ​ကဲ​စမ်း​သော​သူ​တို့​သည် မြွေ​များ​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

10 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ညည်း​ညူ​သ​ကဲ့​သို့ သင်​တို့​သည် မ​ညည်း​ညူ​ကြ​နှင့်။ ထို​သို့​ညည်း​ညူ​သော​သူ​တို့​သည် ဖျက်​ဆီး​သော​တ​မန်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

11 ဤ​အ​မှု​အ​ရာ​တို့​သည် န​မူ​နာ​များ​အ​ဖြစ် ထို​သူ​တို့​၌​ဖြစ်​ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာ​လ​အ​ဆုံး​ပိုင်း​၌ အ​သက်​ရှင်​နေ​ကြ​သော​ငါ​တို့​ကို သ​တိ​ပေး​ရန်​အ​တွက်​ဖြစ်​၏။

12 ထို့​ကြောင့် ရပ်​နေ​သည်​ဟု​ထင်​မှတ်​သော​သူ​သည် မ​လဲ​စေ​ရန် သ​တိ​ပြု​စေ။

13 လူ​၌​ဖြစ်​တတ်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​ခံ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​ခံ​နိုင်​သည်​ထက် ပို​လွန်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထို့​ပြင် သင်​တို့​ခံ​နိုင်​မည့်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​တ​ကွ ထွက်​မြောက်​ရာ​လမ်း​ကို​လည်း ပြင်​ဆင်​ပေး​တော်​မူ​လိမ့်​မည်။

ရုပ်​တု​ကိုး​ကွယ်​ခြင်း​အ​တွက် သ​တိ​ပေး​ချက်

14 ထို့​ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။

15 သင်​တို့​အား ပ​ညာ​သ​တိ​ရှိ​သော​သူ​ကို​ပြော​သ​ကဲ့​သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အ​ရာ​ကို ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

16 ငါ​တို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​သည် ခ​ရစ်​တော်​၏​သွေး​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။

17 မုန့်​တစ်​လုံး​တည်း​ဖြစ်​၍ အ​များ​ဖြစ်​သော​ငါ​တို့​သည် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​အား​လုံး​သည် ထို​မုန့်​တစ်​လုံး​တည်း​ကို မျှ​ဝေ​ခံ​ယူ​ကြ​၏။

18 ဇာ​တိ​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်​ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်​ပလ္လင်​နှင့် စပ်​ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

19 သို့​ဖြစ်​လျှင် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည် သို့​မ​ဟုတ် ရုပ်​တု​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည်​ဟု ငါ​ဆို​လို​သ​လော။

20 ထို​သို့​မ​ဆို​လို။ သူ​တို့​ပူ​ဇော်​သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ခြင်း​မ​ဟုတ်​ဘဲ နတ်​ဆိုး​များ​ထံ​ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။ ငါ​သည် သင်​တို့​ကို နတ်​ဆိုး​တို့​နှင့် စပ်​ဆိုင်​သော​သူ​မ​ဖြစ်​စေ​လို​ပါ။

21 သင်​တို့​သည် သ​ခင်​ဘု​ရား​၏​ခွက်​ကို​သောက်​လျှင် နတ်​ဆိုး​တို့​၏​ခွက်​ကို သောက်​၍​မ​ရ​နိုင်။ သ​ခင်​ဘု​ရား​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​လျှင် နတ်​ဆိုး​တို့​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​၍​မ​ရ​နိုင်။

22 ငါ​တို့​သည် သ​ခင်​ဘု​ရား​အား သ​ဝန်​တို​စေ​ကြ​သ​လော။ ငါ​တို့​သည် ကိုယ်​တော်​ထက် ခွန်​အား​ကြီး​ကြ​သ​လော။

ခ​ရစ်​ယာန်​၏​လွတ်​လပ်​မှု

23 ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် တည်​ဆောက်​မြှင့်​တင်​ပေး​သည်​မ​ဟုတ်။

24 မည်​သူ​မျှ ကိုယ်​ကျိုး​ကို​မ​ရှာ​နှင့်။ လူ​တိုင်း သူ​တစ်​ပါး​အ​ကျိုး​ကို​ရှာ​စေ။

25 ဈေး​၌​ရောင်း​သ​မျှ​သော​အ​သား​ကို အ​သိ​စိတ်​အ​တွက်​ကြောင့် စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

26 အ​ကြောင်း​မူ​ကား “မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​၏။”

27 မ​ယုံ​ကြည်​သူ​တစ်​စုံ​တစ်​ယောက်​က သင်​တို့​ကို​ဖိတ်​ခေါ်​၍ သင်​တို့​သွား​လို​လျှင် သင်​တို့​ရှေ့​၌​တည်​ခင်း​သ​မျှ​သော​အ​ရာ​ကို အ​သိ​စိတ်​အ​တွက်​ကြောင့် စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

28 သို့​သော် တစ်​စုံ​တစ်​ယောက်​က “ဤ​အ​ရာ​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​ဖြစ်​သည်”​ဟု သင်​တို့​ကို​ဆို​ခဲ့​လျှင် ထို​သို့​ဆို​သော​သူ​အ​တွက်​လည်း​ကောင်း၊ အ​သိ​စိတ်​အ​တွက်​လည်း​ကောင်း ထို​အ​ရာ​ကို​မ​စား​ကြ​နှင့်။

29 အ​သိ​စိတ်​ဟု​ဆို​ရာ​၌ သင်​တို့​၏​အ​သိ​စိတ်​ကို​ဆို​လို​သည်​မ​ဟုတ်​ဘဲ အ​ခြား​သူ​၏​အ​သိ​စိတ်​ကို​ဆို​လို​၏။ အ​ကြောင်း​မူ​ကား ငါ​၏​လွတ်​လပ်​မှု​သည် သူ​တစ်​ပါး​၏​အ​သိ​စိတ်​ဖြင့် အ​ဘယ်​ကြောင့် စီ​ရင်​ခြင်း​ခံ​ရ​မည်​နည်း။

30 ငါ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​လျက်​စား​သုံး​လျှင် ငါ​ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့် စော်​ကား​ပြော​ဆို​ခြင်း​ခံ​ရ​မည်​နည်း။

31 ထို့​ကြောင့် သင်​တို့​သည် စား​သည်​ဖြစ်​စေ၊ သောက်​သည်​ဖြစ်​စေ၊ မည်​သည့်​အ​မှု​ကို​ပြု​သည်​ဖြစ်​စေ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​အ​တွက် ပြု​ကြ​လော့။

32 ဂျူး​လူ​မျိုး​တို့​အ​တွက်​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​တို့​အ​တွက်​ဖြစ်​စေ၊ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​အ​တွက်​ဖြစ်​စေ မှား​ယွင်း​စ​ရာ​အ​ကြောင်း​မ​ဖြစ်​ကြ​နှင့်။

33 ထို​နည်း​တူ ငါ​သည်​လည်း လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း ကိုယ်​ကျိုး​ကို​မ​ရှာ​ဘဲ အ​များ​အ​ကျိုး​ကို​ရှေး​ရှူ​လျက် ခပ်​သိမ်း​သော​အ​မှု​တို့​၌ လူ​အ​ပေါင်း​တို့​ကို​နှစ်​သက်​စေ​ရန် ကြိုး​စား​နေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16