ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:13-19 MSB

13 မိန်း​မ​သည် ဦး​ခေါင်း​မ​ဖုံး​ဘဲ ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ခြင်း​သည် သင့်​လျော်​မှု​ရှိ​မ​ရှိ သင်​တို့​ကိုယ်​တိုင်​ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

14 ယောက်ျား​သည် ဆံ​ပင်​ရှည်​ထား​လျှင် သူ့​အ​တွက်​ရှက်​ဖွယ်​ဖြစ်​ကြောင်း သ​ဘာ​ဝ​တ​ရား​ကိုယ်​၌​က သင်​တို့​ကို​သွန်​သင်​သည်​မ​ဟုတ်​လော။

15 မိန်း​မ​မူ​ကား ဆံ​ပင်​ရှည်​ထား​လျှင် သူ့​အ​တွက်​ဘုန်း​အ​သ​ရေ​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ဆံ​ပင်​ကို ခြုံ​စ​ရာ​အ​ဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။

16 သို့​သော် တစ်​စုံ​တစ်​ယောက်​က လက်​ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​လျှင် ငါ​တို့​၌ ထို​သို့​သော​ထုံး​စံ​မ​ရှိ။ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​များ​၌​လည်း​မ​ရှိ။

17 သို့​ရာ​တွင် သင်​တို့​၏​စု​ဝေး​ခြင်း​သည် ကောင်း​ကျိုး​ကို​ဖြစ်​စေ​သည်​ထက် ဆိုး​ကျိုး​ကို​သာ​ဖြစ်​စေ​သော​ကြောင့် ဤ​ညွှန်​ကြား​ချက်​ကို​ပေး​ရာ​၌ သင်​တို့​အား ငါ​မ​ချီး​မွမ်း​နိုင်။

18 ပ​ထ​မ​အ​နေ​ဖြင့် သင်​တို့​သည် အ​သင်း​တော်​၌​စု​ဝေး​ကြ​သော​အ​ခါ သင်​တို့​တွင် ကွဲ​ပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်​စိတ်​တစ်​ဒေ​သ ငါ​ယုံ​၏။

19 အ​မှန်​စင်​စစ် သင်​တို့​ထဲ​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​များ သိ​သာ​ထင်​ရှား​လာ​မည့်​အ​ကြောင်း သင်​တို့​တွင် ဂိုဏ်း​ကွဲ​ခြင်း​ရှိ​ရန်​လို​အပ်​ပေ​၏။