15 မိန်းမမူကား ဆံပင်ရှည်ထားလျှင် သူ့အတွက်ဘုန်းအသရေဖြစ်၏။ အကြောင်းမူကား ဆံပင်ကို ခြုံစရာအဖြစ် သူ့အားပေးထားခြင်းဖြစ်၏။
16 သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။
17 သို့ရာတွင် သင်တို့၏စုဝေးခြင်းသည် ကောင်းကျိုးကိုဖြစ်စေသည်ထက် ဆိုးကျိုးကိုသာဖြစ်စေသောကြောင့် ဤညွှန်ကြားချက်ကိုပေးရာ၌ သင်တို့အား ငါမချီးမွမ်းနိုင်။
18 ပထမအနေဖြင့် သင်တို့သည် အသင်းတော်၌စုဝေးကြသောအခါ သင်တို့တွင် ကွဲပြားမှုများရှိသည်ဟု ငါကြားရ၍ ၎င်းကို တစ်စိတ်တစ်ဒေသ ငါယုံ၏။
19 အမှန်စင်စစ် သင်တို့ထဲ၌ ယုံကြည်စိတ်ချရသူများ သိသာထင်ရှားလာမည့်အကြောင်း သင်တို့တွင် ဂိုဏ်းကွဲခြင်းရှိရန်လိုအပ်ပေ၏။
20 သို့ဖြစ်၍ သင်တို့သည် အတူတကွစုဝေးကြသောအခါ သခင်ဘုရား၏ပွဲတော်ကိုစားသောက်ရန် စုဝေးကြသည်မဟုတ်။
21 အကြောင်းမူကား စားသောက်ကြရာတွင် အသီးသီးတို့သည် သူတစ်ပါးကိုမစောင့်ဘဲ မိမိညစာကို စားကြသောကြောင့် မူးသူကမူး၊ ဆာသူကဆာ ဖြစ်နေကြ၏။