ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:18-24 MSB

18 ပ​ထ​မ​အ​နေ​ဖြင့် သင်​တို့​သည် အ​သင်း​တော်​၌​စု​ဝေး​ကြ​သော​အ​ခါ သင်​တို့​တွင် ကွဲ​ပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်​စိတ်​တစ်​ဒေ​သ ငါ​ယုံ​၏။

19 အ​မှန်​စင်​စစ် သင်​တို့​ထဲ​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​များ သိ​သာ​ထင်​ရှား​လာ​မည့်​အ​ကြောင်း သင်​တို့​တွင် ဂိုဏ်း​ကွဲ​ခြင်း​ရှိ​ရန်​လို​အပ်​ပေ​၏။

20 သို့​ဖြစ်​၍ သင်​တို့​သည် အ​တူ​တ​ကွ​စု​ဝေး​ကြ​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ပွဲ​တော်​ကို​စား​သောက်​ရန် စု​ဝေး​ကြ​သည်​မ​ဟုတ်။

21 အ​ကြောင်း​မူ​ကား စား​သောက်​ကြ​ရာ​တွင် အ​သီး​သီး​တို့​သည် သူ​တစ်​ပါး​ကို​မ​စောင့်​ဘဲ မိ​မိ​ည​စာ​ကို စား​ကြ​သော​ကြောင့် မူး​သူ​က​မူး၊ ဆာ​သူ​က​ဆာ ဖြစ်​နေ​ကြ​၏။

22 သင်​တို့​၌ စား​သောက်​ရန် အိမ်​မ​ရှိ​သ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​၍ မ​ရှိ​ဆင်း​ရဲ​သား​တို့​ကို အ​ရှက်​ခွဲ​ကြ​သ​လော။ ငါ​သည် သင်​တို့​ကို မည်​သို့​ပြော​ရ​မည်​နည်း။ သင်​တို့​ကို ချီး​မွမ်း​ရ​မည်​လော။ ဤ​အ​မှု​၌ ငါ​မ​ချီး​မွမ်း​နိုင်။

23 အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​ထံ​မှ ငါ​ခံ​ယူ​ရ​ရှိ​သော​အ​ရာ​ကို သင်​တို့​အား ငါ​ပေး​အပ်​၏။ ထို​အ​ရာ​မှာ သ​ခင်​ယေ​ရှု​သည် အပ်​နှံ​ခြင်း​ခံ​ရ​သော​ည​၌ မုန့်​ကို​ယူ​၍

24 ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့​၍ “ဤ​မုန့်​ကား သင်​တို့​အ​တွက်​ချိုး​ဖဲ့​သော ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​ဖို့​ရန် ဤ​သို့​ပြု​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။