ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:2-8 MSB

2 သင်​တို့​သည် အ​ရာ​ရာ​၌ ငါ့​ကို​သ​တိ​ရ​လျက် သင်​တို့​ထံ​ငါ​ပေး​အပ်​ထား​သော ဓ​လေ့​ထုံး​တမ်း​နှင့်​အ​ညီ လိုက်​လျှောက်​ကြ​သော​ကြောင့် သင်​တို့​ကို ငါ​ချီး​မွမ်း​၏။

3 သို့​သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ ယောက်ျား​တိုင်း​၏​ဦး​ခေါင်း​သည် ခ​ရစ်​တော်​ဖြစ်​၏။ မိန်း​မ​၏​ဦး​ခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခ​ရစ်​တော်​၏​ဦး​ခေါင်း​သည် ဘု​ရား​သ​ခင်​ဖြစ်​၏။

4 ဦး​ခေါင်း​ကို​ဖုံး​လျက် ဆု​တောင်း​ခြင်း သို့​မ​ဟုတ် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိ​မိ​ဦး​ခေါင်း​၏​အ​သ​ရေ​ကို​ရှုတ်​ချ​၏။

5 သို့​သော် ဦး​ခေါင်း​မ​ဖုံး​ဘဲ ဆု​တောင်း​ခြင်း သို့​မ​ဟုတ် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို ပြု​သော​မိန်း​မ​တိုင်း​သည် မိ​မိ​ဦး​ခေါင်း​၏​အ​သ​ရေ​ကို​ရှုတ်​ချ​၏။ အ​ကြောင်း​မူ​ကား ထို​သို့​ပြု​ခြင်း​သည် ခေါင်း​တုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။

6 ထို့​ကြောင့် မိန်း​မ​သည် မိ​မိ​ဦး​ခေါင်း​ကို​မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​ပါ​စေ။ သို့​သော် ဆံ​ပင်​ဖြတ်​ခြင်း သို့​မ​ဟုတ် ခေါင်း​တုံး​ရိတ်​ခြင်း​သည် မိန်း​မ​အ​တွက်​ရှက်​ဖွယ်​ဖြစ်​လျှင် ဦး​ခေါင်း​ကို​ဖုံး​ထား​ပါ​စေ။

7 ယောက်ျား​သည် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ဦး​ခေါင်း​ကို​မ​ဖုံး​သင့်​ပေ။ မိန်း​မ​မူ​ကား ယောက်ျား​၏​ဘုန်း​အ​သ​ရေ​ဖြစ်​၏။

8 အ​ကြောင်း​မူ​ကား ယောက်ျား​သည် မိန်း​မ​ထံ​မှ​ဖြစ်​လာ​သည်​မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​၏။