23 အကြောင်းမူကား သခင်ဘုရားထံမှ ငါခံယူရရှိသောအရာကို သင်တို့အား ငါပေးအပ်၏။ ထိုအရာမှာ သခင်ယေရှုသည် အပ်နှံခြင်းခံရသောည၌ မုန့်ကိုယူ၍
24 ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ “ဤမုန့်ကား သင်တို့အတွက်ချိုးဖဲ့သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
25 ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ “ဤခွက်ကား ငါ၏သွေး၌တည်သော ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါတိုင်း ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
26 ထို့ကြောင့် သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကိုသောက်သောအခါတိုင်း သခင်ဘုရား၏အသေခံတော်မူခြင်းကို ကိုယ်တော်ကြွလာတော်မူသည်အထိ ကြေညာကြ၏။
27 သို့ဖြစ်၍ သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။
28 ထို့ကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ်စစ်ဆေးပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။
29 အကြောင်းမူကား သခင်ဘုရား၏ကိုယ်ခန္ဓာတော်ကို ပိုင်းခြား၍မသိဘဲ စားသောက်သောသူသည် မိမိအပေါ်သို့ ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေရန် စားသောက်သောသူဖြစ်၏။