ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:25-31 MSB

25 ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ​၍ “ဤ​ခွက်​ကား ငါ​၏​သွေး​၌​တည်​သော ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ကို​သောက်​သော​အ​ခါ​တိုင်း ငါ့​ကို​အောက်​မေ့​ဖို့​ရန် ဤ​သို့​ပြု​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

26 ထို့​ကြောင့် သင်​တို့​သည် ဤ​မုန့်​ကို​စား​၍ ဤ​ခွက်​ကို​သောက်​သော​အ​ခါ​တိုင်း သ​ခင်​ဘု​ရား​၏​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ကိုယ်​တော်​ကြွ​လာ​တော်​မူ​သည်​အ​ထိ ကြေ​ညာ​ကြ​၏။

27 သို့​ဖြစ်​၍ သ​ခင်​ဘု​ရား​၏​မုန့်​နှင့်​ခွက်​ကို မ​ထိုက်​တန်​ဘဲ စား​သောက်​သော​သူ​သည် သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်​၏။

28 ထို့​ကြောင့် လူ​တိုင်း ကိုယ့်​ကိုယ်​ကိုယ်​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​စေ။ ထို​နည်း​တူ ခွက်​ကို​လည်း​သောက်​စေ။

29 အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​ကို ပိုင်း​ခြား​၍​မ​သိ​ဘဲ စား​သောက်​သော​သူ​သည် မိ​မိ​အ​ပေါ်​သို့ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​သက်​ရောက်​စေ​ရန် စား​သောက်​သော​သူ​ဖြစ်​၏။

30 ဤ​အ​ကြောင်း​ကြောင့် သင်​တို့​တွင် အား​နည်း​သော​သူ​နှင့်​မ​ကျန်း​မာ​သော​သူ များ​စွာ​ရှိ​၍ အိပ်​ပျော်​သော​သူ​လည်း အ​များ​အ​ပြား​ရှိ​ကြ​၏။

31 သို့​သော် ငါ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပိုင်း​ခြား​၍​သိ​လျှင် စီ​ရင်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။