ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:4-10 MSB

4 ဦး​ခေါင်း​ကို​ဖုံး​လျက် ဆု​တောင်း​ခြင်း သို့​မ​ဟုတ် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိ​မိ​ဦး​ခေါင်း​၏​အ​သ​ရေ​ကို​ရှုတ်​ချ​၏။

5 သို့​သော် ဦး​ခေါင်း​မ​ဖုံး​ဘဲ ဆု​တောင်း​ခြင်း သို့​မ​ဟုတ် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို ပြု​သော​မိန်း​မ​တိုင်း​သည် မိ​မိ​ဦး​ခေါင်း​၏​အ​သ​ရေ​ကို​ရှုတ်​ချ​၏။ အ​ကြောင်း​မူ​ကား ထို​သို့​ပြု​ခြင်း​သည် ခေါင်း​တုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။

6 ထို့​ကြောင့် မိန်း​မ​သည် မိ​မိ​ဦး​ခေါင်း​ကို​မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​ပါ​စေ။ သို့​သော် ဆံ​ပင်​ဖြတ်​ခြင်း သို့​မ​ဟုတ် ခေါင်း​တုံး​ရိတ်​ခြင်း​သည် မိန်း​မ​အ​တွက်​ရှက်​ဖွယ်​ဖြစ်​လျှင် ဦး​ခေါင်း​ကို​ဖုံး​ထား​ပါ​စေ။

7 ယောက်ျား​သည် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ဦး​ခေါင်း​ကို​မ​ဖုံး​သင့်​ပေ။ မိန်း​မ​မူ​ကား ယောက်ျား​၏​ဘုန်း​အ​သ​ရေ​ဖြစ်​၏။

8 အ​ကြောင်း​မူ​ကား ယောက်ျား​သည် မိန်း​မ​ထံ​မှ​ဖြစ်​လာ​သည်​မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​၏။

9 ထို့​အ​တူ ယောက်ျား​ကို မိန်း​မ​အ​တွက်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။

10 ထို့​ကြောင့် မိန်း​မ​သည် ကောင်း​ကင်​တ​မန်​တို့​ကို​ထောက်​၍ အ​ခွင့်​အာ​ဏာ​၏​လက္ခ​ဏာ​ကို မိ​မိ​ဦး​ခေါင်း​ပေါ်​၌ ရှိ​စေ​သင့်​၏။