5 သို့သော် ဦးခေါင်းမဖုံးဘဲ ဆုတောင်းခြင်း သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကို ပြုသောမိန်းမတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်ထားသည်နှင့်တူ၏။
6 ထို့ကြောင့် မိန်းမသည် မိမိဦးခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်ပါစေ။ သို့သော် ဆံပင်ဖြတ်ခြင်း သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းသည် မိန်းမအတွက်ရှက်ဖွယ်ဖြစ်လျှင် ဦးခေါင်းကိုဖုံးထားပါစေ။
7 ယောက်ျားသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိဦးခေါင်းကိုမဖုံးသင့်ပေ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။
8 အကြောင်းမူကား ယောက်ျားသည် မိန်းမထံမှဖြစ်လာသည်မဟုတ်။ မိန်းမသည် ယောက်ျားထံမှဖြစ်လာ၏။
9 ထို့အတူ ယောက်ျားကို မိန်းမအတွက်ဖန်ဆင်းတော်မူသည်မဟုတ်။ မိန်းမကို ယောက်ျားအတွက်ဖန်ဆင်းတော်မူ၏။
10 ထို့ကြောင့် မိန်းမသည် ကောင်းကင်တမန်တို့ကိုထောက်၍ အခွင့်အာဏာ၏လက္ခဏာကို မိမိဦးခေါင်းပေါ်၌ ရှိစေသင့်၏။
11 သို့သော် သခင်ဘုရား၌ မိန်းမသည် ယောက်ျားမပါဘဲဖြစ်သည်မဟုတ်။ ယောက်ျားသည်လည်း မိန်းမမပါဘဲဖြစ်သည်မဟုတ်။