ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 13:9-13 MSB

9 အ​ကြောင်း​မူ​ကား ငါ​တို့​သည် တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ​သိ​ကြ​ပြီး တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​၏။

10 သို့​သော် စုံ​လင်​ခြင်း​ရောက်​လာ​သော​အ​ခါ တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ​ဖြစ်​သော​အ​ရာ​သည် ပယ်​ဖျက်​ခြင်း​ခံ​ရ​လိမ့်​မည်။

11 ငါ​သည် က​လေး​သူ​ငယ်​ဖြစ်​စဉ်​က က​လေး​သူ​ငယ်​ကဲ့​သို့​ပြော​ဆို​ခဲ့​၏။ က​လေး​သူ​ငယ်​ကဲ့​သို့​စဉ်း​စား​ခဲ့​၏။ က​လေး​သူ​ငယ်​ကဲ့​သို့​တွေး​ဆ​ခဲ့​၏။ လူ​ကြီး​ဖြစ်​လာ​သော​အ​ခါ က​လေး​သူ​ငယ်​၏​အ​လေ့​အ​ထ​များ​ကို ငါ​ပယ်​ရှား​၏။

12 ယ​ခု ငါ​တို့​သည် မှန်​အား​ဖြင့် မှုန်​ဝါး​ဝါး​သာ​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား မျက်​ဝါး​ထင်​ထင်​မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု ငါ​သည် တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ​သိ​၏။ သို့​သော် ငါ့​ကို​စုံ​လင်​စွာ​သိ​တော်​မူ​သ​ကဲ့​သို့ ထို​အ​ခါ​၌​မူ​ကား ငါ​သည်​လည်း စုံ​လင်​စွာ​သိ​ရ​လိမ့်​မည်။

13 ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​၏။