12 ငါ့ညီအာပေါလုနှင့်ပတ်သက်၍ သူသည် ညီအစ်ကိုများနှင့်အတူ သင်တို့ထံသို့လာရန် သူ့ကို လေးလေးနက်နက် ငါတိုက်တွန်းခဲ့သော်လည်း သူသည် ယခုလာရန် ဆန္ဒအလျဉ်းမရှိ။ သို့သော် အခွင့်သာသောအခါ သူလာလိမ့်မည်။
13 သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
14 သင်တို့ပြုသမျှသောအမှုတို့ကို ချစ်ခြင်းမေတ္တာဖြင့် ပြုကြလော့။
15 ညီအစ်ကိုတို့၊ သတေဖနာ၏အိမ်သူအိမ်သားတို့သည် အခါယပြည်၏အသီးဦးဖြစ်ကြပြီး သန့်ရှင်းသူတို့၏အမှုကိုဆောင်ရွက်ရန် သူတို့သည် မိမိတို့ကိုယ်ကိုဆက်ကပ်ခဲ့ကြောင်း သင်တို့သိကြ၏။
16 ထိုသို့သောသူတို့မှစ၍ သူတို့နှင့်အတူလုပ်ဆောင်လျက် ကြိုးစားအားထုတ်နေသောသူအားလုံးတို့ကိုနာခံကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
17 သတေဖနာ၊ ဖော်တုနတ်နှင့် အခါယကုတို့သည် ရောက်လာကြသောကြောင့် ငါဝမ်းမြောက်၏။ အကြောင်းမူကား သူတို့သည် သင်တို့၏လစ်ဟင်းမှုကို ဖြည့်ဆည်းပေး၍
18 ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။