9 အကြောင်းမူကား ထိရောက်မှုရှိသောအမှုတော်လုပ်ငန်းအတွက် ကြီးမားသောတံခါးသည် ငါ့အတွက်ပွင့်လျက်ရှိ၍ ဆန့်ကျင်သောသူလည်း များစွာရှိကြ၏။
10 တိမောသေရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမရှိဘဲ သင်တို့နှင့်အတူနေထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်နေ၏။
11 ထို့ကြောင့် မည်သူမျှ သူ့ကိုမထီမဲ့မြင်မပြုစေနှင့်။ ငါသည် ညီအစ်ကိုများနှင့်အတူ သူရောက်လာမည်ကို စောင့်နေသည်ဖြစ်၍ သူသည် ငါ့ထံသို့ပြန်လာနိုင်ရန် သူ့ကို ငြိမ်းချမ်းစွာပို့ဆောင်ကြလော့။
12 ငါ့ညီအာပေါလုနှင့်ပတ်သက်၍ သူသည် ညီအစ်ကိုများနှင့်အတူ သင်တို့ထံသို့လာရန် သူ့ကို လေးလေးနက်နက် ငါတိုက်တွန်းခဲ့သော်လည်း သူသည် ယခုလာရန် ဆန္ဒအလျဉ်းမရှိ။ သို့သော် အခွင့်သာသောအခါ သူလာလိမ့်မည်။
13 သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
14 သင်တို့ပြုသမျှသောအမှုတို့ကို ချစ်ခြင်းမေတ္တာဖြင့် ပြုကြလော့။
15 ညီအစ်ကိုတို့၊ သတေဖနာ၏အိမ်သူအိမ်သားတို့သည် အခါယပြည်၏အသီးဦးဖြစ်ကြပြီး သန့်ရှင်းသူတို့၏အမှုကိုဆောင်ရွက်ရန် သူတို့သည် မိမိတို့ကိုယ်ကိုဆက်ကပ်ခဲ့ကြောင်း သင်တို့သိကြ၏။