ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:1-5 MSB

1 သို့​သော် ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ကို ဝိ​ညာဉ်​သ​ဘော​ရှိ​သော​သူ​များ​ကဲ့​သို့ ဟော​ပြော​၍​မ​ရ​ဘဲ သွေး​သား​ဇာ​တိ​၌​ရှိ​သော​သူ​များ​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ်​တော်​၌ က​လေး​သူ​ငယ်​များ​ကဲ့​သို့​လည်း​ကောင်း ဟော​ပြော​ရ​၏။

2 သင်​တို့​သည် မာ​သော​အ​စာ​ကို မ​စား​နိုင်​ကြ​သေး​သော​ကြောင့် ၎င်း​ကို​မ​ကျွေး​ဘဲ နို့​ကို​သာ ငါ​တိုက်​ရ​၏။ ယ​ခု​တိုင်​အောင် သင်​တို့​သည် မာ​သော​အ​စာ​ကို မ​စား​နိုင်​ကြ​သေး။

3 အ​ကြောင်း​မူ​ကား သင်​တို့​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား​၌ မ​နာ​လို​ခြင်း​နှင့်​ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာ​မန်​လူ​သား​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သော​ကြောင့်​မ​ဟုတ်​လော။

4 အ​ကြောင်း​မူ​ကား တစ်​ဦး​က “ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အ​ခြား​တစ်​ဦး​က “ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာ​မန်​လူ​သား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

5 သို့​ဖြစ်​လျှင် အာ​ပေါ​လု​ကား မည်​သူ​နည်း။ ပေါ​လု​ကား မည်​သူ​နည်း။ သူ​တို့​သည် မိ​မိ​တို့​တစ်​ဦး​စီ​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သည့်​အ​တိုင်း သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့​ပို့​ဆောင်​ပေး​သော အ​မှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။