ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:19-23 MSB

19 အ​ကြောင်း​မူ​ကား ဤ​လော​က​၏​ဉာဏ်​ပ​ညာ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မိုက်​မဲ​သော​အ​ရာ​ဖြစ်​၏။ “ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့​၏​ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​၏။

20 တစ်​ဖန် “ပ​ညာ​ရှိ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​၏”​ဟု ရေး​ထား​၏။

21 သို့​ဖြစ်​၍ မည်​သူ​မျှ လူ​တို့​အ​ကြောင်း​ကို​မ​ဝါ​ကြွား​နှင့်။ အ​ကြောင်း​မူ​ကား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​ပိုင်​ဆိုင်​၏။

22 ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​များ​ဖြစ်​စေ၊ နောင်​လာ​မည့်​အ​ရာ​များ​ဖြစ်​စေ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​ပိုင်​ဆိုင်​သော​အ​ရာ​များ​ဖြစ်​ကြ​၏။

23 သင်​တို့​ကို​မူ​ကား ခ​ရစ်​တော်​ပိုင်​ဆိုင်​တော်​မူ​ပြီး ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ပိုင်​ဆိုင်​တော်​မူ​၏။