ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:4-10 MSB

4 အ​ကြောင်း​မူ​ကား တစ်​ဦး​က “ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အ​ခြား​တစ်​ဦး​က “ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာ​မန်​လူ​သား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

5 သို့​ဖြစ်​လျှင် အာ​ပေါ​လု​ကား မည်​သူ​နည်း။ ပေါ​လု​ကား မည်​သူ​နည်း။ သူ​တို့​သည် မိ​မိ​တို့​တစ်​ဦး​စီ​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သည့်​အ​တိုင်း သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့​ပို့​ဆောင်​ပေး​သော အ​မှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။

6 ငါ​သည် စိုက်​ပျိုး​၏။ အာ​ပေါ​လု​သည် ရေ​လောင်း​၏။ သို့​သော် ကြီး​ထွား​စေ​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

7 ထို့​ကြောင့် စိုက်​ပျိုး​သော​သူ​ဖြစ်​စေ၊ ရေ​လောင်း​သော​သူ​ဖြစ်​စေ ပ​ဓာ​န​မ​ဟုတ်။ ကြီး​ထွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် ပ​ဓာ​န​ဖြစ်​တော်​မူ​၏။

8 စိုက်​ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​ပြီး အ​သီး​သီး​တို့​သည် မိ​မိ​ကြိုး​ပမ်း​အား​ထုတ်​သည့်​အ​တိုင်း ဆု​လာဘ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

9 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်၊ ဘု​ရား​သ​ခင်​၏​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။

10 ငါ့​အား ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ပ​ညာ​ရှိ​သော​ဗိ​သု​ကာ​ကဲ့​သို့ ငါ​သည် အုတ်​မြစ်​ကို​ချ​ထား​ခဲ့​ပြီး အ​ခြား​သော​သူ​သည် ၎င်း​အ​ပေါ်​တွင်​တည်​ဆောက်​၏။ သို့​သော် မည်​ကဲ့​သို့​တည်​ဆောက်​သည်​ကို လူ​တိုင်း​သ​တိ​ပြု​ရ​မည်။