ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:14-20 MSB

14 ဘု​ရား​သ​ခင်​သည် သ​ခင်​ဘု​ရား​ကို ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်​၍ ငါ​တို့​ကို​လည်း မိ​မိ​၏​တန်​ခိုး​တော်​အား​ဖြင့် ထ​မြောက်​စေ​တော်​မူ​လိမ့်​မည်။

15 သင်​တို့​၏​ကိုယ်​ခန္ဓာ​သည် ခ​ရစ်​တော်​၏​ကိုယ်အင်္ဂါ​ဖြစ်​ကြောင်း မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင် ခ​ရစ်​တော်​၏​ကိုယ်အင်္ဂါ​ကို​ယူ​၍ ပြည့်​တန်​ဆာ​၏​ကိုယ်အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ လုံး​ဝ​မ​ဖြစ်​စေ​ရ။

16 ပြည့်​တန်​ဆာ​နှင့်​ပေါင်း​ဖော်​သော​သူ​သည် ပြည့်​တန်​ဆာ​နှင့်​တစ်​ခန္ဓာ​တည်း​ဖြစ်​ကြောင်း မ​သိ​ကြ​သ​လော။ အ​ကြောင်း​မူ​ကား “ထို​သူ​နှစ်​ဦး​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

17 သို့​သော် သ​ခင်​ဘု​ရား​နှင့်​ပေါင်း​ဖော်​သော​သူ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း​ဖြစ်​၏။

18 တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​အ​ပြစ်​အား​လုံး​သည် ကိုယ်​ခန္ဓာ​ပြင်​ပ​၌​ဖြစ်​၏။ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သော​သူ​မူ​ကား မိ​မိ​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။

19 သင်​တို့​၏​ကိုယ်​ခန္ဓာ​သည် ဘု​ရား​သ​ခင်​ထံ​မှ သင်​တို့​ရ​ရှိ​ထား​သော သင်​တို့​အ​ထဲ​၌​တည်​နေ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကိုယ်​သင်​တို့​မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​မ​သိ​ကြ​သ​လော။

20 သင်​တို့​ကို အ​ဖိုး​အ​ခ​ပေး​၍ ဝယ်​ယူ​ထား​တော်​မူ​၏။ ထို့​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ကြ​လော့။