15 သင်တို့၏ကိုယ်ခန္ဓာသည် ခရစ်တော်၏ကိုယ်အင်္ဂါဖြစ်ကြောင်း မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန်ဆာ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ လုံးဝမဖြစ်စေရ။
16 ပြည့်တန်ဆာနှင့်ပေါင်းဖော်သောသူသည် ပြည့်တန်ဆာနှင့်တစ်ခန္ဓာတည်းဖြစ်ကြောင်း မသိကြသလော။ အကြောင်းမူကား “ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်”ဟု ကျမ်းစာ၌ဆိုထား၏။
17 သို့သော် သခင်ဘုရားနှင့်ပေါင်းဖော်သောသူသည် သခင်ဘုရားနှင့်တစ်စိတ်တစ်ဝိညာဉ်တည်းဖြစ်၏။
18 တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ဖြစ်၏။ တရားနှင့်မညီမေထုန်ပြုသောသူမူကား မိမိကိုယ်ခန္ဓာကိုပြစ်မှား၏။
19 သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။
20 သင်တို့ကို အဖိုးအခပေး၍ ဝယ်ယူထားတော်မူ၏။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြလော့။