ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:7-13 MSB

7 အ​မှန်​စင်​စစ် သင်​တို့​အ​ချင်း​ချင်း​တ​ရား​တွေ့​ခြင်း​အ​မှု​သည် သင်​တို့​အ​တွက် လုံး​လုံး​ရှုံး​နိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထို​သို့​တ​ရား​တွေ့​မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​သာ အ​ဘယ်​ကြောင့်​မ​ခံ​ကြ​သ​နည်း။ လိမ်​ညာ​လု​ယူ​ခြင်း​ကို​သာ အ​ဘယ်​ကြောင့်​မ​ခံ​ကြ​သ​နည်း။

8 သို့​သော် သင်​တို့​သည် မ​တ​ရား​ပြု​၍ လိမ်​ညာ​လု​ယူ​ကြ​ပြီး ထို​အ​မှု​ကို မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​အ​ပေါ် ပြု​ကြ​ပါ​သည်​တ​ကား။

9 သို့​မ​ဟုတ် မ​ဖြောင့်​မတ်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ အ​ယူ​မ​လွဲ​ကြ​နှင့်။ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သူ​များ၊ အ​မျိုး​သား​ပြည့်​တန်​ဆာ​များ၊ လိင်​တူ​ဆက်​ဆံ​သူ​များ၊

10 သူ​ခိုး​များ၊ လော​ဘ​လွန်​ကျူး​သူ​များ၊ သောက်​စား​မူး​ယစ်​သူ​များ၊ ဝေ​ဖန်​ပုတ်​ခတ်​သူ​များ​နှင့် လိမ်​လည်​လု​ယူ​သူ​များ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​ကြ​ရ​မည်​မ​ဟုတ်။

11 သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ သို့​သော် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​နှင့် ငါ​တို့​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆေး​ကြော​ခြင်း​ခံ​ရ​၍ သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​ကာ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။

12 ငါ​သည် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့​သော် အ​မှု​အ​ရာ​အား​လုံး​သည် အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ ငါ​သည် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့​သော် မည်​သည့်​အ​မှု​အ​ရာ​၏​စိုး​မိုး​ခြင်း​ကို​မျှ ငါ​ခံ​မည်​မ​ဟုတ်။

13 အ​စာ​သည် ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း​သည်​လည်း အ​စာ​အ​တွက်​ဖြစ်​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရာ​နှစ်​မျိုး​စ​လုံး​ကို ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ရန်​အ​တွက်​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​အ​တွက်​ဖြစ်​၏။ သ​ခင်​ဘု​ရား​သည်​လည်း ကိုယ်​ခန္ဓာ​အ​တွက်​ဖြစ်​တော်​မူ​၏။