ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 8:4-10 MSB

4 ထို့​ကြောင့် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်​သက်​၍ ရုပ်​တု​သည် ဤ​လော​က​၌ ဘာ​မျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သည့်​ဘု​ရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။

5 အ​ကြောင်း​မူ​ကား များ​စွာ​သော​ဘု​ရား၊ များ​စွာ​သော​သ​ခင်​ရှိ​သည်​ဟု ဆို​ကြ​သည့်​အ​တိုင်း ကောင်း​ကင်​၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ ဘု​ရား​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သော​အ​ရာ​များ ရှိ​ခဲ့​လျှင်​ပင်

6 ငါ​တို့​အ​တွက်​မူ​ကား ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​ရှိ​၍ အ​ရာ​ခပ်​သိမ်း​တို့​သည် ကိုယ်​တော်​ထံ​မှ​ဖြစ်​လာ​ပြီး ငါ​တို့​သည် ကိုယ်​တော်​၌​တည်​ကြ​၏။ ထို့​ပြင် ငါ​တို့​အ​တွက် ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော သ​ခင်​တစ်​ပါး​တည်း​သာ​ရှိ​၍ အ​ရာ​ခပ်​သိမ်း​တို့​သည် ထို​သ​ခင်​အား​ဖြင့်​ဖြစ်​လာ​ပြီး ငါ​တို့​သည် ထို​သ​ခင်​၌​တည်​ကြ​၏။

7 သို့​သော် လူ​တိုင်း​၌ ဤ​အ​သိ​ပ​ညာ​ရှိ​သည်​မ​ဟုတ်။ လူ​အ​ချို့​တို့​သည် ရုပ်​တု​ကိုး​ကွယ်​သည့်​အ​လေ့​အ​ထ​ရှိ​ခဲ့​သည်​ဖြစ်​၍ ထို​အ​သား​ကို​စား​သော​အ​ခါ ယ​ခု​အ​ထိ​ပင် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​များ​အ​ဖြစ်​စား​ကြ​သ​ဖြင့် သူ​တို့​၏​အား​နည်း​သည့်​အ​သိ​စိတ်​သည် မ​သိုး​မ​သန့်​ဖြစ်​ရ​၏။

8 အ​စား​အ​စာ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​ကို မျက်​နှာ​ရ​စေ​လိမ့်​မည်​မ​ဟုတ်။ မ​စား​ဘဲ​နေ​လျှင်​လည်း အ​ရှုံး​မ​ရှိ။ စား​လျှင်​လည်း အ​မြတ်​မ​ရ။

9 သို့​သော် သင်​တို့​၏​လွတ်​လပ်​ခွင့်​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အား​နည်း​သော​သူ​တို့​အ​တွက် ခ​လုတ်​တံ​သင်း​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။

10 အ​ကြောင်း​မူ​ကား အ​သိ​ပ​ညာ​ရှိ​သော​သင်​သည် ရုပ်​တု​ဗိ​မာန်​ထဲ​၌ ထိုင်​၍​စား​သောက်​နေ​သည်​ကို တစ်​စုံ​တစ်​ဦး​က​တွေ့​မြင်​လျှင် ထို​သူ​၏​အား​နည်း​သည့်​အ​သိ​စိတ်​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​ကို​စား​ရန် ရဲ​တင်း​လာ​မည်​မ​ဟုတ်​လော။