ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:1-4 MSB

1 ညီ​အစ်​ကို​တို့၊ အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​၏​ဘိုး​ဘေး​များ​အား​လုံး​သည် မိုး​တိမ်​အောက်​၌​ရှိ​ခဲ့​၍ အား​လုံး​သည် ပင်​လယ်​ကို ဖြတ်​ကျော်​ခဲ့​ကြ​ပြီး

2 အား​လုံး​သည် မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​တွင် မော​ရှေ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြ​၏။

3 သူ​တို့​အား​လုံး​သည် တစ်​မျိုး​တည်း​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​အ​စာ​ကို စား​ခဲ့​၍

4 အား​လုံး​သည် တစ်​မျိုး​တည်း​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ရေ​ကို သောက်​ခဲ့​ကြ​၏။ တစ်​နည်း​ဆို​သော် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ​လာ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ကျောက်​မှ ရေ​ကို​သောက်​ကြ​၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။