1 ညီအစ်ကိုတို့၊ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်၌ရှိခဲ့၍ အားလုံးသည် ပင်လယ်ကို ဖြတ်ကျော်ခဲ့ကြပြီး
2 အားလုံးသည် မိုးတိမ်နှင့်ပင်လယ်ထဲတွင် မောရှေ၌ ဗတ္တိဇံခံခဲ့ကြ၏။
3 သူတို့အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာအစာကို စားခဲ့၍
4 အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
5 သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ရကြ၏။