ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:1-7 MSB

1 ညီ​အစ်​ကို​တို့၊ အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​၏​ဘိုး​ဘေး​များ​အား​လုံး​သည် မိုး​တိမ်​အောက်​၌​ရှိ​ခဲ့​၍ အား​လုံး​သည် ပင်​လယ်​ကို ဖြတ်​ကျော်​ခဲ့​ကြ​ပြီး

2 အား​လုံး​သည် မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​တွင် မော​ရှေ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြ​၏။

3 သူ​တို့​အား​လုံး​သည် တစ်​မျိုး​တည်း​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​အ​စာ​ကို စား​ခဲ့​၍

4 အား​လုံး​သည် တစ်​မျိုး​တည်း​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ရေ​ကို သောက်​ခဲ့​ကြ​၏။ တစ်​နည်း​ဆို​သော် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ​လာ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ကျောက်​မှ ရေ​ကို​သောက်​ကြ​၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။

5 သို့​သော် ဘု​ရား​သ​ခင်​သည် သူ​တို့​ထဲ​မှ အ​များ​စု​ကို နှစ်​သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့​ကြောင့် သူ​တို့​သည် တော​ကန္တာ​ရ​၌ သေ​ကျေ​ပျက်​စီး​ခဲ့​ရ​ကြ​၏။

6 ဤ​အ​ရာ​များ​ကား ထို​သူ​တို့​တပ်​မက်​ခဲ့​ကြ​သ​ကဲ့​သို့ မ​ကောင်း​သော​အ​ရာ​များ​ကို ငါ​တို့​တပ်​မက်​ခြင်း​မ​ရှိ​ကြ​စေ​ရန် ငါ​တို့​အ​တွက်​န​မူ​နာ​များ​အ​ဖြစ် ဖြစ်​ပျက်​ခဲ့​ကြ​၏။

7 “လူ​တို့​သည် ထိုင်​၍​စား​သောက်​ကြ​၏။ နောက်​တစ်​ဖန် ထ​၍​က​ခုန်​မြူး​ထူး​ကြ​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း သင်​တို့​သည် ထို​သူ​အ​ချို့​တို့​ကဲ့​သို့ ရုပ်​တု​ကိုး​ကွယ်​သူ​များ မ​ဖြစ်​ကြ​လေ​နှင့်။