ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:13-19 MSB

13 လူ​၌​ဖြစ်​တတ်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​ခံ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​ခံ​နိုင်​သည်​ထက် ပို​လွန်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထို့​ပြင် သင်​တို့​ခံ​နိုင်​မည့်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​တ​ကွ ထွက်​မြောက်​ရာ​လမ်း​ကို​လည်း ပြင်​ဆင်​ပေး​တော်​မူ​လိမ့်​မည်။

14 ထို့​ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။

15 သင်​တို့​အား ပ​ညာ​သ​တိ​ရှိ​သော​သူ​ကို​ပြော​သ​ကဲ့​သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အ​ရာ​ကို ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

16 ငါ​တို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​သည် ခ​ရစ်​တော်​၏​သွေး​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။

17 မုန့်​တစ်​လုံး​တည်း​ဖြစ်​၍ အ​များ​ဖြစ်​သော​ငါ​တို့​သည် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​အား​လုံး​သည် ထို​မုန့်​တစ်​လုံး​တည်း​ကို မျှ​ဝေ​ခံ​ယူ​ကြ​၏။

18 ဇာ​တိ​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်​ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်​ပလ္လင်​နှင့် စပ်​ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

19 သို့​ဖြစ်​လျှင် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည် သို့​မ​ဟုတ် ရုပ်​တု​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည်​ဟု ငါ​ဆို​လို​သ​လော။