16 ငါတို့ကျေးဇူးတော်ချီးမွမ်းရာ မင်္ဂလာခွက်သည် ခရစ်တော်၏သွေးတော်ကို မျှဝေခံယူခြင်းဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်သည် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကို မျှဝေခံယူခြင်းဖြစ်သည်မဟုတ်လော။
17 မုန့်တစ်လုံးတည်းဖြစ်၍ အများဖြစ်သောငါတို့သည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို မျှဝေခံယူကြ၏။
18 ဇာတိအားဖြင့် အစ္စရေးလူမျိုးဖြစ်သောသူတို့ကို ကြည့်ကြလော့။ ယဇ်ကောင်တို့ကိုစားသောသူတို့သည် ယဇ်ပလ္လင်နှင့် စပ်ဆိုင်သောသူဖြစ်ကြသည်မဟုတ်လော။
19 သို့ဖြစ်လျှင် ရုပ်တုအားပူဇော်ထားသောအရာသည် အရေးပါသောအရာဖြစ်သည် သို့မဟုတ် ရုပ်တုသည် အရေးပါသောအရာဖြစ်သည်ဟု ငါဆိုလိုသလော။
20 ထိုသို့မဆိုလို။ သူတို့ပူဇော်သောအရာများသည် ဘုရားသခင်ထံပူဇော်ခြင်းမဟုတ်ဘဲ နတ်ဆိုးများထံပူဇော်ကြခြင်းဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် စပ်ဆိုင်သောသူမဖြစ်စေလိုပါ။
21 သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
22 ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။