ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:20-26 MSB

20 ထို​သို့​မ​ဆို​လို။ သူ​တို့​ပူ​ဇော်​သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ခြင်း​မ​ဟုတ်​ဘဲ နတ်​ဆိုး​များ​ထံ​ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။ ငါ​သည် သင်​တို့​ကို နတ်​ဆိုး​တို့​နှင့် စပ်​ဆိုင်​သော​သူ​မ​ဖြစ်​စေ​လို​ပါ။

21 သင်​တို့​သည် သ​ခင်​ဘု​ရား​၏​ခွက်​ကို​သောက်​လျှင် နတ်​ဆိုး​တို့​၏​ခွက်​ကို သောက်​၍​မ​ရ​နိုင်။ သ​ခင်​ဘု​ရား​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​လျှင် နတ်​ဆိုး​တို့​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​၍​မ​ရ​နိုင်။

22 ငါ​တို့​သည် သ​ခင်​ဘု​ရား​အား သ​ဝန်​တို​စေ​ကြ​သ​လော။ ငါ​တို့​သည် ကိုယ်​တော်​ထက် ခွန်​အား​ကြီး​ကြ​သ​လော။

23 ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် တည်​ဆောက်​မြှင့်​တင်​ပေး​သည်​မ​ဟုတ်။

24 မည်​သူ​မျှ ကိုယ်​ကျိုး​ကို​မ​ရှာ​နှင့်။ လူ​တိုင်း သူ​တစ်​ပါး​အ​ကျိုး​ကို​ရှာ​စေ။

25 ဈေး​၌​ရောင်း​သ​မျှ​သော​အ​သား​ကို အ​သိ​စိတ်​အ​တွက်​ကြောင့် စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

26 အ​ကြောင်း​မူ​ကား “မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​၏။”