ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:22-28 MSB

22 ငါ​တို့​သည် သ​ခင်​ဘု​ရား​အား သ​ဝန်​တို​စေ​ကြ​သ​လော။ ငါ​တို့​သည် ကိုယ်​တော်​ထက် ခွန်​အား​ကြီး​ကြ​သ​လော။

23 ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် တည်​ဆောက်​မြှင့်​တင်​ပေး​သည်​မ​ဟုတ်။

24 မည်​သူ​မျှ ကိုယ်​ကျိုး​ကို​မ​ရှာ​နှင့်။ လူ​တိုင်း သူ​တစ်​ပါး​အ​ကျိုး​ကို​ရှာ​စေ။

25 ဈေး​၌​ရောင်း​သ​မျှ​သော​အ​သား​ကို အ​သိ​စိတ်​အ​တွက်​ကြောင့် စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

26 အ​ကြောင်း​မူ​ကား “မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​၏။”

27 မ​ယုံ​ကြည်​သူ​တစ်​စုံ​တစ်​ယောက်​က သင်​တို့​ကို​ဖိတ်​ခေါ်​၍ သင်​တို့​သွား​လို​လျှင် သင်​တို့​ရှေ့​၌​တည်​ခင်း​သ​မျှ​သော​အ​ရာ​ကို အ​သိ​စိတ်​အ​တွက်​ကြောင့် စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

28 သို့​သော် တစ်​စုံ​တစ်​ယောက်​က “ဤ​အ​ရာ​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​ဖြစ်​သည်”​ဟု သင်​တို့​ကို​ဆို​ခဲ့​လျှင် ထို​သို့​ဆို​သော​သူ​အ​တွက်​လည်း​ကောင်း၊ အ​သိ​စိတ်​အ​တွက်​လည်း​ကောင်း ထို​အ​ရာ​ကို​မ​စား​ကြ​နှင့်။