ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:5-11 MSB

5 သို့​သော် ဘု​ရား​သ​ခင်​သည် သူ​တို့​ထဲ​မှ အ​များ​စု​ကို နှစ်​သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့​ကြောင့် သူ​တို့​သည် တော​ကန္တာ​ရ​၌ သေ​ကျေ​ပျက်​စီး​ခဲ့​ရ​ကြ​၏။

6 ဤ​အ​ရာ​များ​ကား ထို​သူ​တို့​တပ်​မက်​ခဲ့​ကြ​သ​ကဲ့​သို့ မ​ကောင်း​သော​အ​ရာ​များ​ကို ငါ​တို့​တပ်​မက်​ခြင်း​မ​ရှိ​ကြ​စေ​ရန် ငါ​တို့​အ​တွက်​န​မူ​နာ​များ​အ​ဖြစ် ဖြစ်​ပျက်​ခဲ့​ကြ​၏။

7 “လူ​တို့​သည် ထိုင်​၍​စား​သောက်​ကြ​၏။ နောက်​တစ်​ဖန် ထ​၍​က​ခုန်​မြူး​ထူး​ကြ​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း သင်​တို့​သည် ထို​သူ​အ​ချို့​တို့​ကဲ့​သို့ ရုပ်​တု​ကိုး​ကွယ်​သူ​များ မ​ဖြစ်​ကြ​လေ​နှင့်။

8 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သ​ကဲ့​သို့ ငါ​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ နေ​ကြ​ကုန်​စို့။ သူ​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သ​ဖြင့် တစ်​ရက်​အ​တွင်း လူ​နှစ်​သောင်း​သုံး​ထောင်​သေ​ဆုံး​ခဲ့​ကြ​၏။

9 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အ​ကဲ​စမ်း​သ​ကဲ့​သို့ ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​ကဲ​မ​စမ်း​ဘဲ နေ​ကြ​ကုန်​စို့။ ထို​သို့​အ​ကဲ​စမ်း​သော​သူ​တို့​သည် မြွေ​များ​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

10 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ညည်း​ညူ​သ​ကဲ့​သို့ သင်​တို့​သည် မ​ညည်း​ညူ​ကြ​နှင့်။ ထို​သို့​ညည်း​ညူ​သော​သူ​တို့​သည် ဖျက်​ဆီး​သော​တ​မန်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

11 ဤ​အ​မှု​အ​ရာ​တို့​သည် န​မူ​နာ​များ​အ​ဖြစ် ထို​သူ​တို့​၌​ဖြစ်​ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာ​လ​အ​ဆုံး​ပိုင်း​၌ အ​သက်​ရှင်​နေ​ကြ​သော​ငါ​တို့​ကို သ​တိ​ပေး​ရန်​အ​တွက်​ဖြစ်​၏။