ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:9-15 MSB

9 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အ​ကဲ​စမ်း​သ​ကဲ့​သို့ ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​ကဲ​မ​စမ်း​ဘဲ နေ​ကြ​ကုန်​စို့။ ထို​သို့​အ​ကဲ​စမ်း​သော​သူ​တို့​သည် မြွေ​များ​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

10 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ညည်း​ညူ​သ​ကဲ့​သို့ သင်​တို့​သည် မ​ညည်း​ညူ​ကြ​နှင့်။ ထို​သို့​ညည်း​ညူ​သော​သူ​တို့​သည် ဖျက်​ဆီး​သော​တ​မန်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

11 ဤ​အ​မှု​အ​ရာ​တို့​သည် န​မူ​နာ​များ​အ​ဖြစ် ထို​သူ​တို့​၌​ဖြစ်​ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာ​လ​အ​ဆုံး​ပိုင်း​၌ အ​သက်​ရှင်​နေ​ကြ​သော​ငါ​တို့​ကို သ​တိ​ပေး​ရန်​အ​တွက်​ဖြစ်​၏။

12 ထို့​ကြောင့် ရပ်​နေ​သည်​ဟု​ထင်​မှတ်​သော​သူ​သည် မ​လဲ​စေ​ရန် သ​တိ​ပြု​စေ။

13 လူ​၌​ဖြစ်​တတ်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​ခံ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​ခံ​နိုင်​သည်​ထက် ပို​လွန်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထို့​ပြင် သင်​တို့​ခံ​နိုင်​မည့်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​တ​ကွ ထွက်​မြောက်​ရာ​လမ်း​ကို​လည်း ပြင်​ဆင်​ပေး​တော်​မူ​လိမ့်​မည်။

14 ထို့​ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။

15 သင်​တို့​အား ပ​ညာ​သ​တိ​ရှိ​သော​သူ​ကို​ပြော​သ​ကဲ့​သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အ​ရာ​ကို ဆင်​ခြင်​သုံး​သပ်​ကြ​လော့။