ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:1-4 MSB

1 ငါ​သည် ခ​ရစ်​တော်​ကို​အ​တု​ယူ​သူ​ဖြစ်​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ငါ့​ကို​အ​တု​ယူ​သူ​များ​ဖြစ်​ကြ​လော့။

2 သင်​တို့​သည် အ​ရာ​ရာ​၌ ငါ့​ကို​သ​တိ​ရ​လျက် သင်​တို့​ထံ​ငါ​ပေး​အပ်​ထား​သော ဓ​လေ့​ထုံး​တမ်း​နှင့်​အ​ညီ လိုက်​လျှောက်​ကြ​သော​ကြောင့် သင်​တို့​ကို ငါ​ချီး​မွမ်း​၏။

3 သို့​သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ ယောက်ျား​တိုင်း​၏​ဦး​ခေါင်း​သည် ခ​ရစ်​တော်​ဖြစ်​၏။ မိန်း​မ​၏​ဦး​ခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခ​ရစ်​တော်​၏​ဦး​ခေါင်း​သည် ဘု​ရား​သ​ခင်​ဖြစ်​၏။

4 ဦး​ခေါင်း​ကို​ဖုံး​လျက် ဆု​တောင်း​ခြင်း သို့​မ​ဟုတ် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိ​မိ​ဦး​ခေါင်း​၏​အ​သ​ရေ​ကို​ရှုတ်​ချ​၏။