ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:31-34 MSB

31 သို့​သော် ငါ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပိုင်း​ခြား​၍​သိ​လျှင် စီ​ရင်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

32 စီ​ရင်​ခြင်း​ခံ​ရ​လျှင်​လည်း လော​ကီ​သား​တို့​နှင့်​အ​တူ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း သ​ခင်​ဘု​ရား​၏​ဆုံး​မ​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​၏။

33 ထို့​ကြောင့် ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် စား​သောက်​ရန်​စု​ဝေး​ကြ​သော​အ​ခါ တစ်​ဦး​ကို​တစ်​ဦး​စောင့်​ဆိုင်း​ကြ​လော့။

34 တစ်​စုံ​တစ်​ယောက်​သည် ဆာ​လောင်​လျှင် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​ရန်​အ​တွက် စု​ဝေး​ခြင်း​မ​ဖြစ်​မည့်​အ​ကြောင်း မိ​မိ​အိမ်​၌​စား​ပါ​စေ။ ကျန်​သော​ကိစ္စ​များ​ကို ငါ​လာ​သော​အ​ခါ​ညွှန်​ကြား​မည်။