ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12:1-6 MSB

1 ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ​နှင့်​ပတ်​သက်​၍ အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။

2 သင်​တို့​သည် ဘာ​သာ​ခြား​ဖြစ်​ကြ​စဉ်​က စ​ကား​မ​ပြော​နိုင်​သော​ရုပ်​တု​များ​ထံ​သို့ တစ်​နည်း​နည်း​ဖြင့် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ လမ်း​လွဲ​ခဲ့​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

3 ထို့​ကြောင့် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ မည်​သူ​က​မျှ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် “ယေ​ရှု​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ”​ဟု ပြော​ဆို​မည်​မ​ဟုတ်။ ထို့​အ​တူ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​မ​ဟုတ်​လျှင် မည်​သူ​က​မျှ “ယေ​ရှု​သည် သ​ခင်​ဖြစ်​တော်​မူ​၏”​ဟူ​၍ မ​ပြော​ဆို​နိုင်​ပေ။

4 ဆု​ကျေး​ဇူး​သည် အ​မျိုး​မျိုး​ရှိ​သော်​လည်း ဝိ​ညာဉ်​တော်​သည် တစ်​ပါး​တည်း​ရှိ​၏။

5 အ​မှု​တော်​လုပ်​ငန်း​သည် အ​မျိုး​မျိုး​ရှိ​သော်​လည်း သ​ခင်​ဘု​ရား​သည် တစ်​ပါး​တည်း​ရှိ​၏။

6 လုပ်​ဆောင်​ချက်​အ​မျိုး​မျိုး​ရှိ​သော်​လည်း လူ​အ​ပေါင်း​တို့​၌ ခပ်​သိမ်း​သော​အ​မှု​ကို​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​ရှိ​၏။