ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12:14-20 MSB

14 ကိုယ်​ခန္ဓာ​၌ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​ရှိ​သည်​မ​ဟုတ်​ဘဲ များ​စွာ​ရှိ​၏။

15 ခြေ​က “ငါ​သည် လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထို​သို့​ဆို​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။

16 နား​က​လည်း “ငါ​သည် မျက်​စိ​မ​ဟုတ်​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထို​သို့​ဆို​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။

17 ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မျက်​စိ​ဖြစ်​လျှင် မည်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် နား​ဖြစ်​လျှင် မည်​သို့​အ​နံ့​ရ​နိုင်​မည်​နည်း။

18 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ကို ကိုယ်​ခန္ဓာ​၌ အ​သီး​သီး​ပြင်​ဆင်​ပေး​တော်​မူ​၏။

19 အား​လုံး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​မျိုး​တည်း​ဖြစ်​ခဲ့​လျှင် ကိုယ်​ခန္ဓာ​သည် အ​ဘယ်​မှာ​ရှိ​မည်​နည်း။

20 ယ​ခု​မူ​ကား အင်္ဂါ​အ​စိတ်​အ​ပိုင်း​သည် များ​စွာ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​သည် တစ်​ခု​တည်း​ရှိ​၏။