ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12:18-24 MSB

18 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ကို ကိုယ်​ခန္ဓာ​၌ အ​သီး​သီး​ပြင်​ဆင်​ပေး​တော်​မူ​၏။

19 အား​လုံး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​မျိုး​တည်း​ဖြစ်​ခဲ့​လျှင် ကိုယ်​ခန္ဓာ​သည် အ​ဘယ်​မှာ​ရှိ​မည်​နည်း။

20 ယ​ခု​မူ​ကား အင်္ဂါ​အ​စိတ်​အ​ပိုင်း​သည် များ​စွာ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​သည် တစ်​ခု​တည်း​ရှိ​၏။

21 မျက်​စိ​က လက်​အား “သင့်​ကို ငါ​အ​လို​မ​ရှိ”​ဟု ပြော​၍​မ​ရ​သ​ကဲ့​သို့ ဦး​ခေါင်း​က​လည်း ခြေ​တို့​အား “သင်​တို့​ကို ငါ​အ​လို​မ​ရှိ”​ဟု ပြော​၍​မ​ရ​ပေ။

22 ထို​မျှ​မ​က ကိုယ်​ခန္ဓာ​၌ ပို​၍​အား​နည်း​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့​သည် ပို​၍​ပင်​လို​အပ်​သော အင်္ဂါ​များ​ဖြစ်​ကြ​၏။

23 ကိုယ်​ခန္ဓာ​တွင် ဂုဏ်​သ​ရေ​မဲ့​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့​ကို ပို​၍​ကြီး​သော​ဂုဏ်​သ​ရေ​ဖြင့် ငါ​တို့​ဆင်​ယင်​တတ်​ကြ​၏။ ငါ​တို့​၏​အ​မြင်​မ​တင့်​တယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ကို​လည်း အ​မြင်​တင့်​တယ်​အောင် ပို​၍​ဂ​ရု​စိုက်​တတ်​၏။

24 အ​မြင်​တင့်​တယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​မူ​ကား ထို​သို့​ပြု​ရန်​မ​လို​အပ်​ပေ။ သို့​သော် ဘု​ရား​သ​ခင်​သည် ဂုဏ်​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​အား သာ​၍​ကြီး​သော​ဂုဏ်​သ​ရေ​ကို​ပေး​၍ ကိုယ်​ခန္ဓာ​ကို ပေါင်း​စပ်​ဖွဲ့​စည်း​တော်​မူ​၏။