2 သင်တို့သည် ဘာသာခြားဖြစ်ကြစဉ်က စကားမပြောနိုင်သောရုပ်တုများထံသို့ တစ်နည်းနည်းဖြင့် ခေါ်ဆောင်သွားခြင်းခံရ၍ လမ်းလွဲခဲ့ကြသည်ကို သင်တို့သိကြ၏။
3 ထို့ကြောင့် သင်တို့အား ငါသိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် “ယေရှုသည် ကျိန်ခြင်းကိုခံပါစေ”ဟု ပြောဆိုမည်မဟုတ်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မဟုတ်လျှင် မည်သူကမျှ “ယေရှုသည် သခင်ဖြစ်တော်မူ၏”ဟူ၍ မပြောဆိုနိုင်ပေ။
4 ဆုကျေးဇူးသည် အမျိုးမျိုးရှိသော်လည်း ဝိညာဉ်တော်သည် တစ်ပါးတည်းရှိ၏။
5 အမှုတော်လုပ်ငန်းသည် အမျိုးမျိုးရှိသော်လည်း သခင်ဘုရားသည် တစ်ပါးတည်းရှိ၏။
6 လုပ်ဆောင်ချက်အမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ခပ်သိမ်းသောအမှုကိုပြုတော်မူသောဘုရားသခင်သည် တစ်ပါးတည်းရှိ၏။
7 သို့သော် အများကောင်းကျိုးအတွက် တစ်ဦးစီ၌ ဝိညာဉ်တော်၏ထင်ရှားခြင်းအခွင့်ကိုပေးတော်မူ၏။
8 အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊