27 သင်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
28 ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
29 အားလုံးသည် တမန်တော်ဖြစ်သလော။ အားလုံးသည် ပရောဖက်ဖြစ်သလော။ အားလုံးသည် ဆရာဖြစ်သလော။ အားလုံးသည် တန်ခိုးလက္ခဏာပြုသောသူဖြစ်သလော။
30 အားလုံးသည် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုရရှိသလော။ အားလုံးသည် အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသလော။ အားလုံးသည် ၎င်း၏အနက်ကိုဖွင့်နိုင်သလော။
31 သင်တို့မူကား ပို၍မြတ်သောဆုကျေးဇူးတို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။ ငါသည် သင်တို့အား သာ၍ထူးမြတ်သောလမ်းကို ပြဦးမည်။