ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12:3-9 MSB

3 ထို့​ကြောင့် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ မည်​သူ​က​မျှ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် “ယေ​ရှု​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ”​ဟု ပြော​ဆို​မည်​မ​ဟုတ်။ ထို့​အ​တူ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​မ​ဟုတ်​လျှင် မည်​သူ​က​မျှ “ယေ​ရှု​သည် သ​ခင်​ဖြစ်​တော်​မူ​၏”​ဟူ​၍ မ​ပြော​ဆို​နိုင်​ပေ။

4 ဆု​ကျေး​ဇူး​သည် အ​မျိုး​မျိုး​ရှိ​သော်​လည်း ဝိ​ညာဉ်​တော်​သည် တစ်​ပါး​တည်း​ရှိ​၏။

5 အ​မှု​တော်​လုပ်​ငန်း​သည် အ​မျိုး​မျိုး​ရှိ​သော်​လည်း သ​ခင်​ဘု​ရား​သည် တစ်​ပါး​တည်း​ရှိ​၏။

6 လုပ်​ဆောင်​ချက်​အ​မျိုး​မျိုး​ရှိ​သော်​လည်း လူ​အ​ပေါင်း​တို့​၌ ခပ်​သိမ်း​သော​အ​မှု​ကို​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​ရှိ​၏။

7 သို့​သော် အ​များ​ကောင်း​ကျိုး​အ​တွက် တစ်​ဦး​စီ​၌ ဝိ​ညာဉ်​တော်​၏​ထင်​ရှား​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ​၏။

8 အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်​ပ​ညာ​စ​ကား​ကို​လည်း​ကောင်း၊ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ခြား​တစ်​ဦး​အား အ​သိ​ပ​ညာ​စ​ကား​ကို​လည်း​ကောင်း၊

9 ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ခြား​တစ်​ဦး​အား ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ထို​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် အ​ခြား​တစ်​ဦး​အား အ​နာ​ရော​ဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေး​ဇူး​ကို​လည်း​ကောင်း၊