1 ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။
2 ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
3 ငါသည် မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို စွန့်ကြဲသည်သာမက ငါ၏ကိုယ်ခန္ဓာကိုမီးရှို့စေရန် အပ်နှံသော်လည်း မေတ္တာမရှိလျှင် ငါ၌မည်သည့်အကျိုးမျှမရှိ။
4 မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ။ ဝါကြွားခြင်းမရှိ၊ မာနထောင်လွှားခြင်းမရှိ၊
5 မလျောက်ပတ်စွာမပြုတတ်၊ ကိုယ်ကျိုးကိုမရှာတတ်၊ ဒေါသအလွယ်တကူမထွက်တတ်၊ သူတစ်ပါးအပြစ်ကို မှတ်၍မထားတတ်။
6 မတရားမှု၌ ဝမ်းမြောက်ခြင်းမရှိဘဲ သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။