7 ခပ်သိမ်းသောအရာကို ကြံ့ကြံ့ခံတတ်၏။ ခပ်သိမ်းသောအရာကို ယုံကြည်တတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
8 မေတ္တာသည် မည်သည့်အခါမျှ ကုန်ခန်းခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းတို့မူကား ပယ်ဖျက်ခြင်းခံရကြလိမ့်မည်။ အခြားသောဘာသာစကားပြောဆိုခြင်းတို့သည်လည်း ရပ်တန့်သွားကြလိမ့်မည်။ အသိပညာသည်လည်း ပယ်ဖျက်ခြင်းခံရလိမ့်မည်။
9 အကြောင်းမူကား ငါတို့သည် တစ်စိတ်တစ်ဒေသမျှသာသိကြပြီး တစ်စိတ်တစ်ဒေသမျှသာ ပရောဖက်ပြုဟောပြောကြ၏။
10 သို့သော် စုံလင်ခြင်းရောက်လာသောအခါ တစ်စိတ်တစ်ဒေသမျှသာဖြစ်သောအရာသည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။
11 ငါသည် ကလေးသူငယ်ဖြစ်စဉ်က ကလေးသူငယ်ကဲ့သို့ပြောဆိုခဲ့၏။ ကလေးသူငယ်ကဲ့သို့စဉ်းစားခဲ့၏။ ကလေးသူငယ်ကဲ့သို့တွေးဆခဲ့၏။ လူကြီးဖြစ်လာသောအခါ ကလေးသူငယ်၏အလေ့အထများကို ငါပယ်ရှား၏။
12 ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
13 ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။