ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:1-7 MSB

1 ချစ်​ခြင်း​မေတ္တာ​ကို လက်​ကိုင်​ပြု​ကြ​လော့။ ထို့​ပြင် ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ၊ အ​ထူး​သ​ဖြင့် ပ​ရော​ဖက်​ပြု​ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး​ကို အ​လွန်​လို​ချင်​သော​စိတ်​ရှိ​ကြ​လော့။

2 အ​ကြောင်း​မူ​ကား အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် လူ​တို့​အား ပြော​ဆို​သည်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​အား ပြော​ဆို​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​စ​ကား​ကို မည်​သူ​မျှ​နား​မ​လည်​ချေ။ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တို့​ကို ပြော​ဆို​နေ​ခြင်း​သာ​ဖြစ်​၏။

3 ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​မူ​ကား တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း၊ တိုက်​တွန်း​အား​ပေး​ခြင်း​နှင့် နှစ်​သိမ့်​ခြင်း​တို့​အ​တွက် လူ​တို့​အား​ဟော​ပြော​၏။

4 အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် မိ​မိ​ကို​သာ​တည်​ဆောက်​မြှင့်​တင်​၏။ ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​မူ​ကား အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​၏။

5 သင်​တို့​အား​လုံး​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​နိုင်​ရန် ငါ​အ​လို​ရှိ​၏။ သို့​သော် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို သင်​တို့​အား ပို​၍​ပြု​စေ​လို​၏။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ရန် ၎င်း​၏​အ​နက်​ကို​ဖွင့်​ခြင်း​မ​ရှိ​လျှင် ထို​သူ​ထက် ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​သည် ပို​၍​ကြီး​မြတ်​၏။

6 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​လာ​၍ အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​သော်​လည်း ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဖြစ်​စေ၊ အ​သိ​ပ​ညာ​အား​ဖြင့်​ဖြစ်​စေ၊ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အား​ဖြင့်​ဖြစ်​စေ၊ သွန်​သင်​သည့်​စ​ကား​အား​ဖြင့်​ဖြစ်​စေ မ​ဟော​ပြော​လျှင် သင်​တို့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

7 ပ​လွေ သို့​မ​ဟုတ် စောင်း​ကဲ့​သို့​သော သက်​မဲ့​တူ​ရိ​ယာ​များ​ပင်​လျှင် ပီ​ပြင်​ပြတ်​သား​သော​သံ​စဉ်​မ​ထွက်​လျှင် မည်​သည့်​အ​ရာ​ကို မှုတ်​နေ​သည်​ကို​လည်း​ကောင်း၊ မည်​သည့်​အ​ရာ​ကို တီး​နေ​သည်​ကို​လည်း​ကောင်း မည်​သို့​သိ​နိုင်​မည်​နည်း။