ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:13-19 MSB

13 ထို့​ကြောင့် အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် အ​နက်​ဖွင့်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​စေ။

14 အ​ကြောင်း​မူ​ကား အ​ခြား​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ငါ​ဆု​တောင်း​လျှင် ငါ​၏​စိတ်​ဝိ​ညာဉ်​သည် ဆု​တောင်း​သော်​လည်း ငါ​၏​အ​သိ​စိတ်​မူ​ကား အ​ကျိုး​မ​ပေး။

15 သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ငါ​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဆု​တောင်း​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း ဆု​တောင်း​မည်။ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သီ​ချင်း​ဆို​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း သီ​ချင်း​ဆို​မည်။

16 သို့​မ​ဟုတ်​လျှင် သင်​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ကျေး​ဇူး​တော်​ချီး​မွမ်း​သော​အ​ခါ ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော အုပ်​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စ​ကား​ကို နား​မ​လည်​သော​ကြောင့် သင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​အ​တွက် ‘အာ​မင်’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

17 သင်​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်​မှာ ကောင်း​ပေ​၏။ သို့​သော် သူ​တစ်​ပါး​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​မ​ရှိ။

18 ငါ​သည် သင်​တို့​အား​လုံး​ထက် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ကို ပို​၍​ပြော​ဆို​ရ​သည့်​အ​တွက် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

19 သို့​သော် အ​သင်း​တော်​ထဲ​၌ အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် စ​ကား​အ​ခွန်း​တစ်​သောင်း​ပြော​ခြင်း​ထက် သူ​တစ်​ပါး​တို့​ကို သွန်​သင်​နိုင်​ရန် ငါ​၏​အ​သိ​စိတ်​ဖြင့် စ​ကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ​၍ ငါ​အ​လို​ရှိ​၏။