ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:15-21 MSB

15 သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ငါ​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဆု​တောင်း​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း ဆု​တောင်း​မည်။ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သီ​ချင်း​ဆို​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း သီ​ချင်း​ဆို​မည်။

16 သို့​မ​ဟုတ်​လျှင် သင်​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ကျေး​ဇူး​တော်​ချီး​မွမ်း​သော​အ​ခါ ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော အုပ်​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စ​ကား​ကို နား​မ​လည်​သော​ကြောင့် သင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​အ​တွက် ‘အာ​မင်’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

17 သင်​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်​မှာ ကောင်း​ပေ​၏။ သို့​သော် သူ​တစ်​ပါး​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​မ​ရှိ။

18 ငါ​သည် သင်​တို့​အား​လုံး​ထက် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ကို ပို​၍​ပြော​ဆို​ရ​သည့်​အ​တွက် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

19 သို့​သော် အ​သင်း​တော်​ထဲ​၌ အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် စ​ကား​အ​ခွန်း​တစ်​သောင်း​ပြော​ခြင်း​ထက် သူ​တစ်​ပါး​တို့​ကို သွန်​သင်​နိုင်​ရန် ငါ​၏​အ​သိ​စိတ်​ဖြင့် စ​ကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ​၍ ငါ​အ​လို​ရှိ​၏။

20 ညီ​အစ်​ကို​တို့၊ စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မ​ကောင်း​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​လျက် စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ စုံ​လင်​ရင့်​ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။

21 ပ​ညတ်​တ​ရား​ကျမ်း​၌ “ငါ​သည် ဤ​လူ​မျိုး​တို့​အား ထူး​ခြား​သော​ဘာ​သာ​စ​ကား​နှင့် တိုင်း​တစ်​ပါး​သား​များ​၏​နှုတ်​တို့​ဖြင့် ပြော​ဆို​မည်။ သို့​သော် သူ​တို့​သည် နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏”​ဟူ​၍ ရေး​ထား​၏။