ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:18-24 MSB

18 ငါ​သည် သင်​တို့​အား​လုံး​ထက် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ကို ပို​၍​ပြော​ဆို​ရ​သည့်​အ​တွက် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

19 သို့​သော် အ​သင်း​တော်​ထဲ​၌ အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် စ​ကား​အ​ခွန်း​တစ်​သောင်း​ပြော​ခြင်း​ထက် သူ​တစ်​ပါး​တို့​ကို သွန်​သင်​နိုင်​ရန် ငါ​၏​အ​သိ​စိတ်​ဖြင့် စ​ကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ​၍ ငါ​အ​လို​ရှိ​၏။

20 ညီ​အစ်​ကို​တို့၊ စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မ​ကောင်း​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​လျက် စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ စုံ​လင်​ရင့်​ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။

21 ပ​ညတ်​တ​ရား​ကျမ်း​၌ “ငါ​သည် ဤ​လူ​မျိုး​တို့​အား ထူး​ခြား​သော​ဘာ​သာ​စ​ကား​နှင့် တိုင်း​တစ်​ပါး​သား​များ​၏​နှုတ်​တို့​ဖြင့် ပြော​ဆို​မည်။ သို့​သော် သူ​တို့​သည် နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏”​ဟူ​၍ ရေး​ထား​၏။

22 သို့​ဖြစ်​၍ အ​ခြား​သော​ဘာ​သာ​စ​ကား​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​မ​ဟုတ်​ဘဲ မ​ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​မူ​ကား မ​ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။

23 ထို့​ကြောင့် အ​သင်း​တော်​တစ်​ခု​လုံး​စု​ဝေး​လျက် အား​လုံး​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​ကြ​စဉ် ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော​သူ​များ သို့​မ​ဟုတ် မ​ယုံ​ကြည်​သူ​များ ဝင်​လာ​လျှင် သင်​တို့​ရူး​သွပ်​နေ​ပြီ​ဟု ပြော​ကြ​လိမ့်​မည် မ​ဟုတ်​လော။

24 သို့​သော် အား​လုံး​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​စဉ် မ​ယုံ​ကြည်​သူ သို့​မ​ဟုတ် ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်​စုံ​တစ်​ဦး​ဝင်​လာ​လျှင် သူ​သည် သင်​တို့​အား​လုံး​ကြောင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ကို​ခံ​ရ​၍ သင်​တို့​အား​လုံး​၏​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကာ