ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:25-31 MSB

25 သူ​၏​စိတ်​နှ​လုံး​ထဲ​မှ ကွယ်​ဝှက်​ထား​သော​အ​ရာ​တို့​သည် ထင်​ရှား​လာ​သ​ဖြင့် “ဘု​ရား​သ​ခင်​သည် သင်​တို့​အ​လယ်​၌ အ​မှန်​ရှိ​တော်​မူ​၏”​ဟု ဝန်​ခံ​လျက် ဘု​ရား​သ​ခင်​ကို ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။

26 သို့​ဖြစ်​လျှင် ညီ​အစ်​ကို​တို့၊ မည်​သို့​ဆို​ရ​မည်​နည်း။ သင်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း​ဆို​သော​သူ၊ သွန်​သင်​ပေး​သော​သူ၊ ဗျာ​ဒိတ်​တော်​ဟော​ပြော​သော​သူ၊ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​နှင့် ထို​ဘာ​သာ​စ​ကား​၏​အ​နက်​ကို​ဖွင့်​သော​သူ အ​သီး​သီး​ရှိ​ကြ​၏။ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​အ​တွက် ပြု​ကြ​လော့။

27 အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​ရှိ​လျှင် နှစ်​ဦး သို့​မ​ဟုတ် အ​များ​ဆုံး​သုံး​ဦး​က တစ်​လှည့်​စီ​ပြော​၍ တစ်​ဦး​က အ​နက်​ဖွင့်​စေ။

28 သို့​သော် အ​နက်​ဖွင့်​သူ​မ​ရှိ​လျှင် သူ​သည် အ​သင်း​တော်​၌ တိတ်​ဆိတ်​စွာ​နေ​၍ မိ​မိ​ကိုယ်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း ပြော​စေ။

29 ပ​ရော​ဖက်​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​တို့​သည် ဟော​ပြော​၍ အ​ခြား​သော​သူ​တို့​သည် ဆင်​ခြင်​သုံး​သပ်​ကြ​စေ။

30 သို့​သော် ထိုင်​နေ​သော​အ​ခြား​သူ​အား တစ်​စုံ​တစ်​ခု​ကို​ဖွင့်​ပြ​တော်​မူ​လျှင် ပ​ထ​မ​လူ​သည် တိတ်​ဆိတ်​စွာ​နေ​စေ။

31 အ​ကြောင်း​မူ​ကား လူ​တိုင်း​သွန်​သင်​ခြင်း​ခံ​ရ​၍ လူ​တိုင်း​တိုက်​တွန်း​နှိုး​ဆော်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သင်​တို့​အား​လုံး​သည် တစ်​ဦး​ပြီး​တစ်​ဦး ပ​ရော​ဖက်​ပြု​ဟော​ပြော​နိုင်​၏။