29 ပရောဖက်နှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ဟောပြော၍ အခြားသောသူတို့သည် ဆင်ခြင်သုံးသပ်ကြစေ။
30 သို့သော် ထိုင်နေသောအခြားသူအား တစ်စုံတစ်ခုကိုဖွင့်ပြတော်မူလျှင် ပထမလူသည် တိတ်ဆိတ်စွာနေစေ။
31 အကြောင်းမူကား လူတိုင်းသွန်သင်ခြင်းခံရ၍ လူတိုင်းတိုက်တွန်းနှိုးဆော်ခြင်းခံရမည့်အကြောင်း သင်တို့အားလုံးသည် တစ်ဦးပြီးတစ်ဦး ပရောဖက်ပြုဟောပြောနိုင်၏။
32 ပရောဖက်တို့၏စိတ်ဝိညာဉ်တို့သည် ပရောဖက်တို့ကိုနာခံတတ်၏။
33 အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
34 မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
35 သူတို့သည် တစ်စုံတစ်ခုကိုသင်ယူလိုလျှင် အိမ်၌ မိမိ၏လင်ယောက်ျားအား မေးမြန်းကြစေ။ အကြောင်းမူကား မိန်းမတစ်ဦးအနေဖြင့် အသင်းတော်၌ဟောပြောခြင်းသည် ရှက်ဖွယ်ဖြစ်၏။