ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:33-39 MSB

33 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​မ​ဟုတ်​ဘဲ ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သန့်​ရှင်း​သူ​တို့​၏​အ​သင်း​တော်​တိုင်း​၌ ပြု​ကျင့်​သ​ကဲ့​သို့

34 မိန်း​မ​တို့​သည် အ​သင်း​တော်​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​၌ ဟော​ပြော​ရ​သော​အ​ခွင့်​မ​ရှိ။ ပ​ညတ်​တ​ရား​၌​လည်း​ဆို​ထား​သည့်​အ​တိုင်း သူ​တို့​သည် နာ​ခံ​မှု​ရှိ​ကြ​ရ​မည်။

35 သူ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​သင်​ယူ​လို​လျှင် အိမ်​၌ မိ​မိ​၏​လင်​ယောက်ျား​အား မေး​မြန်း​ကြ​စေ။ အ​ကြောင်း​မူ​ကား မိန်း​မ​တစ်​ဦး​အ​နေ​ဖြင့် အ​သင်း​တော်​၌​ဟော​ပြော​ခြင်း​သည် ရှက်​ဖွယ်​ဖြစ်​၏။

36 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​ထံ​မှ​ထွက်​လာ​သ​လော။ သို့​မ​ဟုတ် သင်​တို့​ထံ​သို့​သာ​ရောက်​လာ​သ​လော။

37 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​ကိုယ်​ကို ပ​ရော​ဖက် သို့​မ​ဟုတ် ဝိ​ညာဉ်​လူ​ဖြစ်​သည်​ဟု​ထင်​မှတ်​လျှင် သင်​တို့​ထံ ငါ​ရေး​လိုက်​သော​အ​ကြောင်း​အ​ရာ​တို့​သည် သ​ခင်​ဘု​ရား​၏​ပ​ညတ်​တော်​ဖြစ်​ကြောင်း သူ​သည် သိ​မှတ်​ရ​မည်။

38 မည်​သူ​မ​ဆို ဤ​အ​ရာ​ကို အ​သိ​အ​မှတ်​မ​ပြု​လျှင် ထို​သူ​သည် အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

39 သို့​ဖြစ်​၍ ငါ့​ညီ​အစ်​ကို​တို့၊ ပ​ရော​ဖက်​ပြု​ဟော​ပြော​ရန် အ​လွန်​အ​လို​ရှိ​ကြ​လော့။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​ခြင်း​ကို​လည်း မ​တား​မြစ်​ကြ​နှင့်။