37 တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ပရောဖက် သို့မဟုတ် ဝိညာဉ်လူဖြစ်သည်ဟုထင်မှတ်လျှင် သင်တို့ထံ ငါရေးလိုက်သောအကြောင်းအရာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သူသည် သိမှတ်ရမည်။
38 မည်သူမဆို ဤအရာကို အသိအမှတ်မပြုလျှင် ထိုသူသည် အသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
39 သို့ဖြစ်၍ ငါ့ညီအစ်ကိုတို့၊ ပရောဖက်ပြုဟောပြောရန် အလွန်အလိုရှိကြလော့။ အခြားသောဘာသာစကားပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။
40 သို့သော် အရာအားလုံးကို တင့်တယ်လျောက်ပတ်စွာ အစီအစဉ်တကျပြုကြလော့။